ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက အသင်းတိုက်စစ်မှူး ဘာပေ ခြေစွမ်းပြနိုင်အောင် အားလုံးကြိုးပမ်းနေကြကြောင်း ပြောကြားခဲ့သည်။
နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ပြီးခဲ့သည့်နွေရာသီက PSG အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာခဲ့သူ ဖြစ်သည်။
၎င်းသည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ထင်မှတ်ထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် လီဗာပူးလ်အား (၀-၂)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ပယ်နယ်တီလွဲချော်ခဲ့ခြင်းကြောင့် ဘာပေမှာ ပိုမိုပြင်းထန်သည့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
အန်ဆယ်လော့တီက ''ဘာပေရဲ့ ပြဿနာက ကစားသမားတစ်ယောက်တည်းရဲ့ ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ ပြဿနာဖြစ်ပါတယ်။ ဘာပေ ခြေစွမ်းပြနိုင်အောင် ကျွန်တော်တို့အားလုံးကြိုးပမ်းနေကြပါတယ်။ လီဗာပူူးလ်နဲ့ပွဲကြောင့် သူ အခုလို အပြောခံနေရတာပါ။ ပယ်နယ်တီလွဲဖူးတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာပေကို ဆက်လက်အားပေးသွားမှာဖြစ်ပြီး သူ ခြေစွမ်းပြနိုင်အောင် ကူညီပေးသွားမှာပါ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
