Top News

ကျောက်ကြီးမြို့နယ် ဒုံးတိုကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ၀ါးခုတ်နေသူတစ်ဦး ဒဏ်ရာရရှိ
24htopnews | December 2, 2024 11:12 PM CST

ကျောက်ကြီးမြို့နယ် ဒုံးတိုကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ၀ါးခုတ်နေသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သ တင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောက်ကြီးမြို့နယ် ဒုံးတိုကျေးရွာနေ ဦးကြည်အေး(၇၀ နှစ်)သည် ကျေးရွာရှိ ကျွန်းဦးဘုန်းကြီးကျောင်း၏အနောက်ဘက် တစ်ဖာလုံခန့်အကွာ တောအတွင်း၌ဝါးခုတ်နေစဉ် နင်းမိုင်းတစ်လုံးအားနင်းမိ ပေါက်ကွဲခဲ့ပြီး ဦးကြည်အေးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်ကလည်း ကျောက်ကြီးမြို့နယ် မုန်းကျေးရွာအနီးတွင် မိုင်းပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းကျေးရွာနေ ဒေါ်မာအေး (၄၅ နှစ်)သည် ကျေးရွာအနီးရှိ လယ်ကွက်အတွင်း အလုပ်လုပ်ကိုင်နေစဉ် မိုင်း တစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ တောင်ငူမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။


READ NEXT
Cancel OK