ကူးစက်တတ်သော အာဖရိကဝက် အပြင်းဖျားရောဂါထိန်းချုပ်ရေးကို ဦးစားပေးကိစ္စအဖြစ်လုပ်ဆောင်ရန် အာရှအစိုးရအဖွဲ့များကို ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီက တိုက်တွန်းခဲ့စဉ် တရုတ်နှင့် ဗီယက်နမ်တွင် ဝက်ကောင်ရေ သန်းနှင့်ချီကို သုတ်သင်ခဲ့သည်။
ဝက်အပြင်းဖျားရောဂါကူးစက်မှုသည် လာအိုသို့ ပျံ့နှံ့လာပြီဟု ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့ FAO က ကြေညာချက်ထုတ်ပြန်မှုနှင့်အတူ ယင်းသည် သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး တိရစ္ဆာန်ရောဂါကူးစက်ပျံ့ပွားမှုဖြစ်သည်ဟု ပညာရှင်အချို့က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်တွင် တရုတ်၌ ဝက်အပြင်းဖျားရောဂါစတင်ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းတွင် ဝက်ကောင်ရေ ၃.၇ သန်းကျော် သုတ်သင်ခဲ့သည်ဟု FAO ၏ ဇွန် ၂၀ ရက် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ဗီယက်နမ်သည် ဝက်အပြင်းဖျားရောဂါကူး စက်မှုအဆိုးရွားဆုံးဖြစ်ပွားခဲ့ပြီး ဝက်ကောင်ရေ ၂.၆ သန်းထက်မနည်း သုတ်သင်ခဲ့ရသည်။ ယင်းနောက်တွင် တရုတ်က ဒုတိယနေရာ၌ရှိပြီး ဝက်ကောင်ရေ ၁.၁ သန်းကျော် သုတ်သင်ခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ယင်းကိန်းဂဏန်းများသည် ဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့ပွားမှုဖြစ်ပွားသည့် နိုင်ငံများ၏ အစိုးရများက FAO ကို ပေးပို့ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်တွင် တရုတ်အရှေ့မြောက်ပိုင်းတွင် ပထမဆုံးဝက်အပြင်းဖျားရောဂါကူးစက်မှုကို သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဟောင်ကောင်၊ ထိုင်ဝမ်၊ မြောက်ကိုရီးယား၊ ကမ္ဘောဒီးယားနှင့် မွန်ဂိုလီးယားတို့တွင်လည်း ကူးစက်ပျံ့ပွားမှု အနည်းအကျဉ်း ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
အာဖရိကဝက်အပြင်းဖျားရောဂါသည် လူကိုအန္တရာယ်မပြုနိုင်သော်လည်း ဝက်များတွင်မူ အလွယ်တကူကူးစက်ပြီး သေဆုံးမှုဖြစ်သည့်အပြင် ကုသမည့်ဆေးမရှိသေးပေ။
ဝက်သားအဓိကထုတ်လုပ်သည့် တရုတ်နိုင်ငံနှင့် ဝက်အပြင်းဖျားရောဂါကူးစက်မှု အဆိုးရွားဆုံးဖြစ်ပွားသည့် ဗီယက်နမ်တွင် ဝက်ထီးအရေအတွက်အများအပြား သတ်ဖြတ်ခံရခြင်းနှင့် ပို့ဆောင်မှုများကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ဝက်သားစျေးနှုန်းများ ရာခိုင်နှုန်း ၄၀ အထိ မြင့်တက်ပြီး အချို့စျေးကွက်များတွင် ပြတ်လပ်မှုများအထိ ဖြစ်ပေါ်ခဲ့သည်။
ဝက်သားအစားများသည့် တောင်ကိုရီးယားနိုင်ငံတွင် ဝက်အပြင်းဖျားရောဂါကြောင့် ဝက်ကောင်ရေ ၁၁ သန်း ကျော်မွေးထားသည့် မွေးမြူရေးခြံ ၆၃၀၀ ကို ထိခိုက်နစ်နာမှု ဖြစ်လာနိုင်မည်ကို စိုးရိမ်ပူပန်နေသည်။
အမေရိကန်စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ၎င်း၏စုစုပေါင်း ဝက်ထီးအုပ်သည် ယခုနှစ်တွင် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းပြီး ဝက်ကောင်ရေ သန်း ၃၅ဝသာ ရှိမည်ဟု ခန့်မှန်းခဲ့ရာ ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် အဆိုးရွားဆုံးကျဆင်းမှုဖြစ်သည်။ ယခုနှစ်တွင် တရုတ်၏ဝက်သားထုတ်လုပ်မှု ပမာဏသည် ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ခြေရှိသည်ဟု ဒတ်ချ်ဘဏ် Rabobank ၏ ခန့်မှန်းချက်အရ သိရသည်။ ဗီယက်နမ် ဝက်သားထုတ်လုပ်မှုသည်လည်း ၂၀၁၈ ခုနှစ်ကထက် ၁၀ ရာ ခိုင်နှုန်းကျဆင်းနိုင် ခြေရှိသည်ဟု Rabobank က ခန့်မှန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
