Top News

ယခုနှစ်မကုန်မီ တရုတ်ဦးဆောင်သည့် ကုန်သွယ်ရေးသဘောတူညီချက်တွင် လက်မှတ်ထိုးရန် အာဆီယံခေါင်းဆောင်များက စိတ်အားထက်သန်နေဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
24htopnews | December 3, 2024 12:12 AM CST

ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေး သဘောတူညီချက်နှင့်ပတ်သက်ပြီး ဘန်ကောက်ထိပ်သီးဆွေးနွေးပွဲတွင် နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်မည်ဟု ခန့်မှန်းထားမှုနှင့်အတူ အရှေ့တောင်အာရှ ခေါင်းဆောင်များသည် ယခုနှစ်မကုန်မီ တရုတ်ဦးဆောင်သည့် ကုန်သွယ်ရေးသဘောတူညီချက်တွင် လက်မှတ်ရေးထိုးရန် စိတ်အားထက်သန်နေကြသည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လက်ထက်တွင် အမေရိကန်သည် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များမှ နုတ်ထွက်ခဲ့စဉ် ပေကျင်းက အာရှ - ပစိဖိတ်တစ်လျှောက် လွတ်လပ်စွာ ကုန်သွယ်ရေးစည်းမျဉ်းများကို ပုံဖော်ရန် ကြိုးစားနေသည်။

တရုတ်က ပုံဖော်ခဲ့သည့် Regional Comprehensive Economic Partnership (RCEP)တွင် ယခုသီတင်းပတ်အကုန်၌ ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်တွင် အစည်းအဝေးပြုလုပ်မည့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်မည်ဖြစ်သည်။

ယင်းကုန်သွယ်ရေးသဘောတူညီမှုသည် တရုတ်၏ အဓိကဒေသတွင်းပြိုင်ဘက်ဖြစ်သော အိန္ဒိယအပြင် ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်တို့ကို လည်းရိုက်ခတ်မှုဖြစ်မည်ဖြစ်သည်။ ယင်းကုန်သွယ်ရေး သဘောတူညီချက်သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နှင့် ကုန်သွယ်မှုရာ ခိုင်နှုန်း ၄၀ ကို လွှမ်းခြုံမည်ဖြစ်သည်။

ဧရာမစားသုံးသူစျေးကွက်အဖြစ် အခွင့်အလမ်းရရှိမှုနှင့်ပတ်သက်ပြီး အိန္ဒိယနှင့် အငြင်းပွားမှုအပြင် အရည်အသွေးမြင့်လုပ်သားနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းမရှိမှုကြောင့် သြစတြေးလျနှင့် နယူးဇီလန်တို့နှင့် သဘောထားကွဲလွဲမှုများကြောင့် ပြီးခဲ့သည့်လများတွင် ဆွေးနွေးပွဲများ နှေးကွေးခဲ့သည်။

အမေရိကန်နှင့် တရုတ်အကြား အပြန်အလှန်စည်းကြပ်ခွန် ချမှတ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး သဘောတူညီချက်အတွက် အလားအလာမှေးမှိန်လာစဉ် ယခုနှစ် အာဆီယံအစည်းအဝေးတွင် ယင်းသဘောတူညီချက်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ဆုံးဖြတ်မည် ဖြစ်သည်။                                                 

 


READ NEXT
Cancel OK