တရုတ်လိုလားသော ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်နုတ်ထွက်ပေးရန်၊ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဟောင်ကောင်နိုင်ငံရေး ပဋိပက္ခအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဆန္ဒပြသူများအား ပြန်လွှတ်ပေးရန် တောင်းဆိုရင်း ထောင်နှင့်ချီသော ဆန္ဒပြသူများသည် ဇွန် ၂၁ ရက်က ဟောင်ကောင်ရဲဌာနချုပ် အပြင်ဘက်တွင် စုဝေးခဲ့ကြသည်။
ရာဇဝတ်သားဟု သံသယရှိသူများအား တရုတ်ပြည်မကြီးသို့ လွှဲပြောင်းခွင့်ပြုမည့် ဥပဒေကြမ်းကို ဆန့်ကျင်ချီတက်ခဲ့ကြသည့် ဆန္ဒပြသူများ၏ တောင်းဆိုချက်များအား ဟောင်ကောင်အစိုးရက ဖြည့်ဆည်းပေးရန် ပျက်ကွက်ခဲ့ပြီးနောက် ဇွန် ၂၁ ရက်က ဆန္ဒပြပွဲ ထပ်မံဖြစ်ပေါ်လာခဲ့သည်။ သို့သော် ယခုဖြစ်စဉ်များသည် ဟောင်ကောင်၏ နိုင်ငံရေးလွတ်လပ်ခွင့်များ ကျဆင်းလာမှုနှင့် ပတ်သက်၍ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်နှင့် တရုတ်မှပါတီခေါင်းဆောင်များကို လူထုက ဒေါသထွက်နေမှုတို့၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။
ဦးဆောင်သူ တိတိကျကျမရှိဘဲ လူငယ်များက ကြီးစိုးထားသော ဆန္ဒပြလှုပ်ရှားမှုများသည် ဇွန် ၂၁ တစ်ရက်လုံး ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများသည် ရုံးတက်ချိန်မတိုင်မီ ဟောင်ကောင်အစိုးရ ရုံးချုပ်တွင် စုဝေးခဲ့ကြသဖြင့် ဟောင်ကောင်၏ အဓိကနေရာတစ်ခုမှာ ယာယီပိတ်ဆို့သွားခဲ့ရသည်။ အနက်ရောင်ဝတ်ပြီး မျက်နှာဖုံးများ တပ်ထားသည့် ဆန္ဒပြသူများသည် အစိုးရဆန့်ကျင်ရေး ဆောင်ပုဒ်များအား ဟစ်ကြွေးခဲ့ကြသည်။
ယင်းနောက် ခြစ်ခြစ်တောက်ပူနေသည့် ရာသီဥတုထဲတွင် ဆန္ဒပြသူများသည် ရဲဌာနချုပ်သို့ ဆက်လက်ချီတက်ခဲ့ကြပြီး ‘အမှန်တရားအတွက် လုပ်ဆောင်ခဲ့သူများကို လွှတ်ပေး’ သို့မဟုတ် ‘လူဆိုးရဲတွေ ရှက်ဖွယ်’ ဟူ၍ ဟစ်ကြွေးခဲ့ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်က ဆန္ဒပြမှုအတွင်း ဆန္ဒပြသူများကို အင်အားသုံး နှိမ်နင်းပြီး ဖမ်းဆီးခံရမှုဖြစ် စဉ်များအား ရည်ညွှန်းခဲ့ကြခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့သည် နိုင်ငံတကာစည်းမျဉ်းများကို ချိုးဖောက်ပြီး အင်အားကျော်လွန် အသုံးပြုခဲ့သည့် အကြမ်းဖက်မှုများရှိခဲ့ကြောင်း လက်ဆုပ်လက်ကိုင်ပြနိုင်သည့် သက်သေသာဓကများ ၎င်းတို့တွင်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ဆိုထားသည်။
အချို့သော ဆန္ဒပြသူများသည် ရဲဌာနချုပ်အပြင်ဘက်မှ ၎င်းတို့ရှိနေသည့် နေရာကို ပိုမိုလုံခြုံစေရန် သတ္တုအကာအရံများကိုဖြုတ်ကာ ပြန်လည်နေရာချခဲ့ကြစဉ် ရဲများကမူ ၎င်းတို့ရုံးအဆောက်အအုံ၏ အဓိကဂိတ်ကို ပိတ်ထားခဲ့ကြသည်။ ရဲတပ်ဖွဲ့သည် မည်သည့်တုံ့ပြန်မှုမှ မလုပ်ဆောင်မိစေရန် ထိန်းချုပ်ထားကြစဉ် ဆန္ဒပြသူများနှင့် စကားပြောရန် ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်မည်ဖြစ်ကြောင်း အကြီးတန်းရဲ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း ဆန္ဒပြအဖွဲ့ငယ် တစ်ဖွဲ့က အနီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ဘဏ္ဍာရေးရုံးများ၏ ဝင်ပေါက်တို့ကို ခေတ္တပိတ်ဆို့ခဲ့ကြသည်။
“ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် ကျွန်တော်တို့တစ်တွေ ရေလိုမျိုးစီးဆင်းဖို့ လိုအပ်ပါတယ်” ဟု ခရစ်အမည်ရသော ဆန္ဒပြသူက ဟောင်ကောင်မှ အထင်ကရပုဂ္ဂိုလ် ဘရုစ်လီ၏ စကားကို ကိုးကားပြောကြားခဲ့သည်။ “သူတို့ကို ဘယ်သူမှ သင်ပေးနေတာ မဟုတ်ဘူး။ ကိုယ်ဘာသာကိုယ် သင်ယူခဲ့ကြတာ။ မတူညီတဲ့အခြေအနေတွေကို လိုက်ပြီး ပြုပြင်ပြောင်းလဲခဲ့ကြတယ်” ဟု အသက် ၂၁ နှစ်အရွယ် ဘားနတ်က ဆန္ဒပြသူများကို ရည်ညွှန်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
