ထိုင်ဝမ်၏ အချမ်းသာဆုံးပုဂ္ဂိုလ် တယ်ရီကူသည် သမ္မတရာထူးအတွက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အချိန်အတွင်း ၎င်းပိုင်ဆိုင်သော Foxconn နည်းပညာကုမ္ပဏီ၏ စီမံအုပ်ချုပ်ခွင့်ကို ကုမ္ပဏီအတွင်း လူယုံကိုးဦးပါဝင်သည့် ကော်မတီတစ်ရပ်ထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်း အီလက်ထရွန်နစ်ပစ္စည်း အများဆုံးတပ်ဆင်ထုတ်လုပ်သည့် Foxconn ကုမ္ပဏီကို နှစ် ၄၀ ကျော်ထိ ဦးဆောင်ပဲ့ကိုင်ခဲ့သော တယ်ရီသည် ထိုင်ဝမ်သမ္မတနေရာကို မျှော်မှန်းနေခဲ့သူဖြစ်ကာ ယင်းကဲ့သို့ နိုင်ငံရေးလုပ်ဆောင်ရန် ၎င်း၏ ပြင်းပြသောဆန္ဒများသည် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် Foxconn ကုမ္ပဏီ ဘေးကျပ်နံကျပ်ဆိုက်နေသော ကာလအတွင်း ပေါက်ဖွားလာခဲ့ခြင်းလည်းဖြစ်သည်။
ဇွန် ၂၁ ရက်တွင် ကျင်းပခဲ့သည့် Foxconn ရှယ်ယာရှင်အစည်းဝေးပွဲအတွင်း တယ်ရီက ကုမ္ပဏီ၏ဦးစီး ဦးကိုင်နေရာများကို ယုံကြည်ရသော လက်ထောက်ကိုးဦးပါဝင်သည့် ကော်မတီတစ်ရပ်ထံသို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။
“ဟွန်ဟိုင်း (Foxconn ကုမ္ပဏီ၏ တရားဝင်ထိုင်ဝမ်အမည်) ကိုစီမံအုပ်ချုပ်တဲ့ နေရာကနေ နောက်ဆုတ်ဖို့ ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ။ ကုမ္ပဏီရဲ့လုပ်ငန်းဆောင်တာတွေကို အဖွဲ့ဝင်ကိုးဦးပါဝင်တဲ့ အလုပ်အမှုဆောင်ကော်မတီကို လွှဲပြောင်းပေးဖို့လည်း ဆုံးဖြတ်ထားပါတယ်။ သူတို့တွေကို ကျွန်တော်ယုံကြည်ပါတယ်။ သူတို့တွေက ကျွန်တော့်ထက်ပိုကောင်းအောင် ကုမ္ပဏီကို ပဲ့ကိုင်နိုင်တဲ့အတွက် ရှယ်ယာရှင်တွေအနေနဲ့ စိုးရိမ်စရာမလိုပါဘူး” ဟု တယ်ရီက ပြောကြားခဲ့သည်။
Foxconn ကုမ္ပဏီသည် Apple နှင့် Huawei အပါအဝင် အခြားသောနည်းပညာကုမ္ပဏီများအတွက် လိုအပ်သော အသေးစားကိရိယာများကို တပ်ဆင်ထုတ်လုပ်ပေးနေသည့် ကုမ္ပဏီဖြစ်သည်။ ထို့ပြင် တယ်ရီသည် တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုအများအပြား လုပ်ဆောင်ထားပြီး Foxconn ၏ အီလက်ထရွန်နစ် စက်ရုံအမြောက်အမြားသည်လည်း တရုတ်နိုင်ငံတွင် တည်ဆောက်ထားခြင်းကြောင့် Foxconn ကုမ္ပဏီသည် ၀ါရှင်တန် နှင့်ပေကျင်း၏ ကုန်သွယ်ရေးစစ်ပွဲမှ ဖြစ်ပွားလာသော စည်းကြပ်ခွန်တိုးမြှင့်မှုဒဏ်ကို ရင်ဆိုင်ခဲ့ရသည်။
တယ်ရီသည် တရုတ်အစိုးရနှင့်ရင်းနှီးသော ကူမင်တန်ပါတီ KMT ၏ အဖွဲ့ဝင်အဖြစ် ဇန်နဝါရီလတွင်ကျင်းပမည့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းနေသော်လည်း KMT ပါတီ၏ ဆန်ခါတင် ကိုယ်စားလှယ်လောင်းနေရာကို အနိုင်ယူရန် လိုအပ်နေသေးသည်။ KMT ပါတီအတွင်း တယ်ရီ၏ အဓိကပြိုင်ဖက်မှာ Kaohsiung မြို့တော်ဝန်၊ နိုင်ငံရေးစောင့်ကြည့်လေ့လာသူ ဟန်ကူယွီဖြစ်သည်။ ဟန်ကူယွီသည် မကြာသေးမီလများအတွင်း ထောက်ခံသူအများအပြားရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်သည်။ KMT ၏ ပါတီကိုယ်စားလှယ်လောင်း အကြိုရွေးကောက်ပွဲရလဒ်ကို ဇူလိုင်လလယ်တွင် ကြေညာမည်ဟု ခန့်မှန်းရသည်။
မည်သူပင်အနိုင်ရရှိစေကာမူ KMT ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံရသူသည် ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ရွေးကောက်ခံမည့် လက်ရှိထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်နှင့် ယှဉ်ပြိုင်ရလိမ့်မည်ဖြစ်သည်။ ပြည်မကြီးတွင် တယ်ရီက ရင်းနှီးမြှုပ်နှံမှုများ တစ်ပုံတစ်ပင် လုပ်ဆောင်နေစဉ်အတွင်း ဝေဖန်ရေးသမားများက တယ်ရီနှင့်ကူယွီသည် တရုတ်ခေါင်းဆောင်များနှင့် အလွန်နီးကပ်သည့် ဆက်ဆံရေး ရှိနေသည်ဟု စွပ်စွဲခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
