တရုတ်သမ္မတရှီကျင်ပင်းသည် နျူကလီးယားလက်နက်ပိုင်ဆိုင်သော အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံသို့ နှစ်ရက်ကြာမြင့်သည့် ၎င်း၏ခရီးစဉ်အား ဇွန် ၂၁ ရက်က အဆုံးသတ်စဉ် မြောက်ကိုရီးယားက သမိုင်းဝင် မဟာမိတ်တရုတ်နှင့် ၎င်းတို့နိုင်ငံကြားမှ ဆက်ဆံရေးကို ချီးမွမ်းခဲ့သည်။
နှစ်နိုင်ငံစလုံးသည်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် စေ့စပ်ဆွေးနွေးပွဲများတွင် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေ၌ ပိတ်မိနေကြစဉ် သမ္မတရှီက မြောက်ကိုရီးယားသို့ ရောက်ရှိလာခဲ့သည်။
တရုတ်သမ္မတ၏ ယခုခရီးစဉ်သည် မြောက်ကိုရီးယားနှင့် တရုတ်အကြား ခင်မင်မှု၏ မပြောင်းလဲမှု၊ မပျက်သုဉ်းမှုတို့ကို ကမ္ဘာသို့ ပြသလိုက်ခြင်းဖြစ်ကြောင်း ကင်ဂျုံအွန်က ရှီကို ပြောကြားခဲ့သည်ဟု KCNA သတင်း အေဂျင်စီ၌ ဖော်ပြခဲ့သည်။
နိုင်ငံတကာနှင့် ဒေသတွင်း၌ စိုးရိမ်စရာကောင်းပြီး ရှုပ်ထွေးသော အပြောင်းအလဲများ ဖြစ်ပေါ်နေသည့်အချိန်တွင် မဟာဗျူဟာမြောက်စွာဖြင့် ရင်းနှီးသော ဆက်ဆံရေးကို တိုးမြှင့်ကြရန်နှင့် ဘုံအကျိုးစီးပွားကို မြှင့်တင်ရန်အတွက် ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့ကြကြောင်းလည်း KCNA တွင် ဖော်ပြခဲ့သည်။
၁၄ နှစ်တာကာလအတွင်း မြောက်ကိုရီးယားသို့ လာရောက်သော ပထမဆုံး တရုတ်သမ္မတ ဖြစ်လာခဲ့သည့် ရှီကျင်ပင်းကိုကြိုဆိုရန် မြောက်ကိုရီးယားအစိုးရက အစွမ်းကုန် ကြိုးပမ်းခဲ့သည်။ ထို ၁၄ နှစ်ကာလအတွင်း မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်မှု ငါးခု ပြုလုပ်ခဲ့ပြီး အမေရိကန်တစ်နိုင်ငံလုံးကို ထိမှန်နိုင်သည့် ဒုံးကျည်ကိုလည်း စမ်းသပ်ပစ်လွှတ်ခဲ့သည်။
ဇွန် ၂၁ ရက်က မြောက်ကိုရီးယားမှ ထွက်ခွာလာသည့်ရှီသည် ယခုခရီးစဉ်ကို အသုံးပြုပြီး ကင်အပေါ်တွင် ၎င်း၏သြဇာ လွှမ်းမိုးမှုရှိနေကြောင်း ဂျပန်တွင်ပြုလုပ်မည့် ဂျီ ၂၀ ထိပ်သီး အစည်းအဝေးမတိုင်မီ တစ်ပတ်အလိုတွင် ထရန့်ကို အချက်ပြခြင်းဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
ကင်ဂျုံအွန်က အမေရိကန်နှင့်ဆွေးနွေးရာတွင် စိတ်ရှည်ရှည်ထားလိုကြောင်း၊ သို့သော် သက်ဆိုင်သူများက ၎င်းနှင့်ညှိနှိုင်းစေရန် လိုလားကြောင်း ပြောကြားခဲ့သည်ဟု တရုတ်မီဒီယာများတွင် ဖော်ပြခဲ့သော်လည်း မြောက်ကိုရီးယားမီဒီယာတွင် ယင်းကို ဖော်ပြခဲ့ခြင်းမရှိပေ။ ရှီကမူ မြောက်ကိုရီးယား၏ ကြိုးပမ်းမှုများကို အပြုသဘောဆောင်စွာ တန်ဖိုးဖြတ်ကြောင်း စီစီတီဗီသတင်းဌာနတွင် ဖော်ပြခဲ့သည်။
ဆိုရှယ်လစ်စနစ်နောက်သို့ လိုက်ခဲ့သည့် လမ်းကြောင်းတစ်လျှောက်တွင် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုများအား ဝေမျှပေးခဲ့သည့် တရုတ်နိုင်ငံသားများအပေါ် ခင်မင်ရင်းနှီးမှုရှိကြောင်း ဖော်ပြရန်အတွက် မြောက်ကိုရီးယားအာဏာပိုင်များသည် ရှီအား ကြိုဆိုရန် နိုင်ငံသား ထောင်ပေါင်းများစွာကို ခေါ်ယူတပ်ဖြန့်ခဲ့ကြောင်း KCNA ၌ ဖော်ပြခဲ့သည်။
ကင်နှင့် ရှီတို့သည် အမိုးဖွင့်မာစီးဒီးကားဖြင့် မြို့တော်ပြုံယမ်းထဲသို့ လှည့်လည်ခဲ့ပြီး ဇွန် ၂၀ ရက်ညနေပိုင်းက ရှီနှင့်အဖွဲ့ကို အထူးဖျော်ဖြေပွဲတစ်ခုနှင့် ဖျော်ဖြေခဲ့ကြသည်။ ထိုဖျော်ဖြေပွဲအတွင်း တရုတ် - ကိုရီးယားသမိုင်း၊ ဆက်ဆံရေးများအကြောင်း၊ ‘တရုတ်ကိုချစ်တယ်’ ဆိုသည့် သီချင်းများ ပါဝင်ခဲ့ကြသည်။ မြောက်ကိုရီးယားအစိုးရ အာဘော်သတင်းစာများဖြစ်သော ရိုဒေါင်ရှင်မွန်၏ မျက်နှာဖုံးတွင်လည်း ရှီကို ကြိုဆိုနေသော ကင်နှင့်ဇနီး ရီဆိုဂျူတို့၏ ဓာတ်ပုံများကို ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
