ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က စတာလင်ကို ခေါ်ယူပြီးဖြစ်သောကြောင့် တိုက်စစ်မှူး ထပ်မံခေါ်ယူရန်မှာ ဦးစားပေးကိစ္စမဟုတ်ကြောင်း ပြောကြားခဲ့ပြီး ခံစစ်ပိုင်းအတွက် ဦးစားပေးကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီအနေဖြင့် ယခုလဆန်းပိုင်းက စီရော်နယ်လ်ဒို၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်နှင့် တွေ့ ဆုံခဲ့သောကြောင့် ၎င်းအား ခေါ်ယူရန် ကြိုးပမ်းဖွယ်ရှိကြောင်း သတင်းများထွက်ပေါ် လျက်ရှိသည်။ စီရော်နယ်လ်ဒိုကိုယ်တိုင်က လည်း ယခုနွေရာသီတွင် မန်ယူအသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေပြီး ယခုအချိန်အထိ အသင်းနှင့်ပူးပေါင်းခြင်းမရှိသေးသဖြင့် အနာဂတ်မှာ မတည်မငြိမ်ဖြစ်နေသည်။
သို့သော် ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် မန်စီးတီးအသင်း၏ အင်္ဂလန်လက်ရွေး စင် တိုက်စစ်ကစားသမား စတာလင်ကို ပေါင် သန်း ၅၀ ဝန်းကျင်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သောကြောင့် တူဟယ်လ်က ယခုလို ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
"အဲဒီအကြောင်း (တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူမည့်ကိစ္စ) ကို ကျွန်တော်မငြင်းလိုပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်တော့ အဲဒါက ဦးစားပေးကိစ္စမဟုတ်ပါဘူး။ အခုအချိန်မှာ ခံစစ်ပိုင်းက ဦးစားပေးကိစ္စပါ။ ဒါကို ဖုံးကွယ်မထားပါဘူ။ ဘာတွေဖြစ်လာ နိုင်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ ကျွန်တော်တို့က ထိပ်တန်းအသင်းနှစ်သင်း (မန်စီးတီး၊ လီဗာပူးလ်) နဲ့ ယှဉ်ပြိုင်နေရတာပါ။ ဒါပေမဲ့ တော့တင်ဟမ်ကလည်း အပြောင်းအရွှေ့ကာလ အစောပိုင်းမှာတင်ပဲ တက်တက်ကြွကြွနဲ့ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတယ်။ သူတို့အနေနဲ့ အကောင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် နည်းပြတစ်ဦးလည်း ရှိနေပါ တယ်။ ယူနိုက်တက်က နည်းပြသစ်နဲ့အတူ ကစားသမားသစ်ခေါ်ယူဖို့ကိစ္စကို ဘယ်တော့မှ လက်တွန့်လေ့မရှိပါဘူး။ အာဆင်နယ်ကလည်း ထိပ်တန်းခေါ်ယူမှု တချို့ လုပ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီအခြေအနေကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် ကိုယ့်ရဲ့အဆင့်ကိုမြှင့်တင်ဖို့ လိုအပ်ပါတယ်" ဟု တူဟယ်လ်က ပြောကြားခဲ့သည်။
ထို့ပြင် တူဟယ်လ်က ယခုနွေရာသီတွင် အင်တာမီလန်အသင်းသို့ အငှားချလိုက်သည့် တိုက်စစ်မှူး လူကာကူအနေဖြင့် ချယ်လ်ဆီး အသင်းနှင့် အနာဂတ်ဆက်ရှိမရှိ သေချာမသိသော်လည်း အခွင့်အရေးရှိသေးကြောင်း ဆက်လက်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
