ဘာစီလိုနာအသင်းသည် အသင်း၏နောက်ခံလူဟောင်းဖြစ်သည့် ရာဖေးလ်မားကွက်ဇ်ကို (ခ) အသင်း (ဘာကာအက်သလက်တစ်) နည်းပြအဖြစ် ခန့်အပ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။
မက္ကဆီကိုလက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း မားကွက်ဇ် (၄၃ နှစ်) သည် ဘာစီလိုနာအသင်းတွင် ၂၀၀၃ မှ ၂၀၁၀ ပြည့်နှစ်အထိ ခုနစ်ရာသီကြာ ပါဝင်ကစားခဲ့ဖူးသူဖြစ်သည်။ မားကွက်ဇ်သည် ဘာစီလိုနာ အသင်းဥက္ကဋ္ဌ လာပေါ်တာနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်ပြီး ၂၀၀၃ ခုနှစ်က ဥက္ကဋ္ဌအဖြစ် ပထမအကြိမ် ဆောင်ရွက်ခွင့်ရစဉ် ပထမဆုံးခေါ်ယူခဲ့သူများအနက် မားကွက်ဇ်မှာ တစ်ဦးအပါအဝင်ဖြစ်သည်။
လာပေါ်တာ သည် ပြီးခဲ့သည့်နှစ် နွေရာသီကတည်းက မားကွက်ဇ်အား ယူ-၁၉ အသင်းနည်းပြအဖြစ် ခန့်အပ်ရန် ကြိုးပမ်းခဲ့ဖူးပြီး ယခုနွေရာသီတွင် (ခ) အသင်းနည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ မားကွက်ဇ်သည် ဘာစီလိုနာအသင်းနှင့် ၂၀၂၄ ခုနှစ်အထိသက်တမ်းရှိသည့် နှစ်နှစ် စာချုပ် ချုပ်ဆိုထားပြီး ရာသီကြိုလေ့ကျင့်မှုအစီအစဉ်ကို စတင်ပြုလုပ်မည်ဖြစ်သည်။
ယခင်နည်းပြဖြစ်သူ ဆာဂျီဘာဟွမ်မှာ ပြီးခဲ့သည့်ရာသီက ဆီဂန်ဒါသို့ တန်းတက်ခွင့်ရအောင် စွမ်းဆောင်နိုင်ခြင်း မရှိသဖြင့် ရာထူးမှ နုတ်ထွက်သွားခြင်းဖြစ်သည်။ မားကွက်ဇ်အနေဖြင့် ဘာစီလိုနာ (ခ) အသင်းကို မကိုင်တွယ်မီ စပိန်ကလပ် အယ်လ်ကာလာ ယူ-၁၆ အသင်း နည်းပြအဖြစ်သာ ကာလတို ကိုင်တွယ်ခဲ့ဖူးကြောင်း သိရသည်။
မားကွက်ဇ်သည် ဘာစီလိုနာအသင်းတွင် ပြိုင်ပွဲစုံ ၂၄၂ ပွဲကစား၊ ၁၃ ဂိုးသွင်းယူပေးခဲ့ပြီး လာလီဂါချန်ပီယံ လေးကြိမ်၊ စပိန်ဘုရင့်ဖလား တစ်ကြိမ်၊ စပိန်စူပါဖလား သုံးကြိမ်၊ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်၊ ဥရောပစူပါဖလား တစ်ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ် ဆွတ်ခူးရယူနိုင်ခဲ့သည်။
၎င်းသည် မက္ကဆီကိုလက်ရွေးစင်အသင်းအတွက်လည်း ၁၉၉၇ မှ ၂၀၁၈ ခုနှစ်အထိ ၁၄၇ ပွဲကစား၊ ၁၇ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
