ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်း သည် ဘရန့်ဖို့ဒ်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် ဒိန်းမတ်လက် ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်ကို ပြောင်း ရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း ဇူလိုင် ၁၅ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့ သည်။
အဲရစ်ဆင်က မန်ယူအသင်းကို ပြောင်း ရွှေ့ခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်းနှင့် အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် မန်ယူဂျာစီကို ဝတ်ဆင်ပြီး ကစားရန် မစောင့်နိုင်အောင် ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ "မန်ယူက ထူးခြားတဲ့ကလပ်အသင်းဖြစ်ပါတယ်။ ကျွန် တော့်အနေနဲ့ သူတို့အတွက်ကစားဖို့ မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်ဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကြိမ်ဖန်များစွာ ကစားဖူးခဲ့ပြီး အခု မန်ယူဂျာစီကိုဝတ်ဆင်ပြီး ကစားရတော့မှာဖြစ်လို့ အရမ်းပျော်ပါတယ်။ တန်ဟက်ဂ်က ထိပ်တန်းနည်းပြဖြစ်ပြီး အနာဂတ် မှာ အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
အဲရစ်ဆင်သည် အေဂျက်စ်အသင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့သူဖြစ်ပြီး စပါး၊ အင်တာမီလန်၊ ဘရန့်ဖို့ဒ် စသည့်အသင်းများတွင် ကစားခဲ့သူဖြစ်သည်။ ၎င်းသည် ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် စပါးနှင့် ဘရန့်ဖို့ဒ်အသင်းတို့တွင် ပရီး မီးယားလိဂ်ပွဲပေါင်း ၂၃၇ ပွဲ ကစားထားပြီး ၅၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇၁ ကြိမ်အထိ ပြုလုပ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
