ပြီးခဲ့တဲ့ရက်သတ္တပတ်က ပရီးမီးယားလိဂ်ကလပ် လိဒ်စ်အသင်းဟာ လိုက်ပ်ဇစ်ရဲ့ အမေရိကန်ကြယ်ပွင့် ကွင်းလယ်လူ တိုင်လာအဒမ်စ်ကို ခေါ်ယူလိုက်တယ်။ အဒမ်စ်အတွက် လိဒ်စ် အသင်းဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀)အထိ အသုံးပြုခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အဒမ်စ်ဟာ အခုရာသီ လိဒ်စ်အသင်းကို ရောက်ရှိလာတဲ့ ဒုတိယမြောက် အမေရိကန်နိုင်ငံသား ကစားသမားဖြစ်ပြီး ပထမရောက်ရှိလာသူကတော့ အာရွန်ဆန်ပါ။ နောက်ပိုင်း မော်ဒန်ဘောလုံးလောကမှာ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဥရောပဘောလုံးအသိုင်းအဝိုင်းမှာ ပိုမိုနေရာရလာတာကိုလည်း တွေ့ရပါတယ်။ လိဒ်စ်အသင်းကို ရောက်ရှိလာတဲ့ အဒမ်စ်ကတော့ အမေရိကန်နိုင်ငံသားကစားသမားတွေထဲမှာ စတုတ္ထမြောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့ထက်ပြောင်းရွှေ့ကြေးမြင့်တဲ့ အမေရိကန် ကစားသမားဆိုလို့ ချယ်လ်ဆီးက ခေါ် ခဲ့တဲ့ ပူလီဆစ်၊ အခုရာသီမှာပဲ သူနဲ့အတူ လိဒ်စ်ကို ရောက်လာတဲ့ အာရွန်ဆန်နဲ့ ဘာစီလိုနာခေါ်ယူခဲ့တဲ့ ဆာဂျီညိုဒက်စ်တို့သာ ရှိခဲ့တာပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
