ကြီးမားသော ဆန္ဒပြပွဲကြီးများကို ဖြစ်ပေါ်စေခဲ့သည့် ရာဇဝတ်သားဟု သံသယရှိသူများအား လွှဲပြောင်း ရေးဥပဒေကြမ်းတစ်ရပ်ကြောင့် တည်ငြိမ်မှုရှိသော ဘဏ္ဍာရေးဗဟိုချက်တစ်ခုအဖြစ် ဟောင်ကောင်၏ ဂုဏ်သတင်းမှာ ယိုင်နဲ့ခဲ့ရသည်။ ထိုသို့ ဟောင်ကောင်ဘက်မှ နစ်နာဆုံးရှုံးမှုများသည် စင်ကာပူနိုင်ငံ ဘက်တွင်မူ အသာရမှုများသာဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောနေကြသည်။
တရုတ်နယ်မြေတစ်ခုဖြစ်သော ဟောင်ကောင်နှင့် အရှေ့ တောင်အာရှထဲမှ မြို့အရွယ်အစားသာရှိသည့် နိုင်ငံငယ် စင်ကာပူတို့သည် ကမ္ဘာအနှံ့မှ စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်ပြီး အာရှ၏ ထိပ်တန်းဘဏ္ဍာရေးဗဟိုချက်ဆိုသည့်နေရာကို ရရှိရန် ယှဉ်ပြိုင်နေကြသည်မှာ ကာလရှည်ကြာရှိပြီဖြစ်သည်။
ထိုစဉ် တရုတ်ပြည်မကြီးဘက်က ကျောထောက်နောက်ခံပေးထားသည့် ဟောင်ကောင်အစိုးရသည် ဟောင်ကောင်ထဲမှ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများကို ပြည်မကြီးဘက်သို့ လွှဲပြောင်းနိုင်စေမည့် ဥပဒေကြမ်းတစ်ရပ်အား မိတ်ဆက်ခဲ့ရာ စီးပွားရေးအသိုင်းအဝိုင်းထဲတွင် စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့ရုံသာမက လူနှစ်သန်းခန့်၏ လမ်းပေါ်ထွက် ဆန္ဒပြမှုများပါ ဖြစ်ပေါ်လာခဲ့ရသည်။
“ဟောင်ကောင်ရဲ့ နိုင်ငံရေး အကျပ်အတည်းဟာ သူ့ရဲ့ဂုဏ်သတင်းကို သေချာပေါက် ထိခိုက်စေပါတယ်” ဟု National University of Singapore’s Busiess School မှ အုပ်ချုပ်ရေး၊ အဖွဲ့အစည်း၊ ဌာန ပိုင်းဆိုင်ရာစင်တာ၏ ဒါရိုက်တာဖြစ်သူ လောရင့်လိုက ပြောကြားခဲ့သည်။
“စင်ကာပူအတွက်ကတော့ လက်ငင်း အကျိုးဖြစ်ထွန်းမှုတွေ ဖြစ်လာလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားရင်း သူဌေးများက ဟောင်ကောင်မှ ၎င်းတို့ငွေများကို ရွှေ့ပြောင်းနေကြပြီဆိုသော သတင်းများကို ထောက်ပြခဲ့သည်။
ကိုလိုနီဗြိတိန်သည် ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်ကို တရုတ်အစိုးရ လက်ထဲသို့ ပြန်လည်လွှဲပြောင်းခဲ့စဉ်က ထားရှိခဲ့သည့် သတ်မှတ်ချက်တို့ကြောင့် ဟောင်ကောင်သည် ပြည်မကြီးထဲတွင် မကြုံရသော လွတ်လပ်ခွင့်များကို ရရှိခံစားနေရသည်။ တရုတ်နှင့်လည်း နီးစပ်မှုရှိကာ ပြည်ပမှရွှေ့ပြောင်း အခြေချနေထိုင်သူအများအပြားရှိသည့် ဟောင်ကောင်သည် ဒေသထဲမှ ဘဏ္ဍာရေးမြို့တော်တစ်ခုအဖြစ်လည်း ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူလျက် ရှိသည်။
သို့သော်လည်း ဟောင်ကောင်အား လွှဲပြောင်းရေးသဘောတူညီချက်သည် ၂၀၄၇ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် လက်ရှိ ဟောင်ကောင်၏ အခွင့်ထူးများမှာ ယာယီသာဖြစ်သည်။ သက်တမ်းမကုန်ဆုံးသေးမီမှာပင် တရုတ် အစိုးရဘက်ကလည်း ပြီးခဲ့သည့်နှစ်များမှစပြီး ဟောင်ကောင်အပေါ် ပိုမိုသြဇာလွှမ်းလိုလာသဖြင့် စိုးရိမ်မှုများမှာ ကြီးထွားလာခဲ့သည်။
လက်ရှိတွင် ဟောင်ကောင်ထဲမှ ကုမ္ပဏီများမတည်မငြိမ်ဖြစ်နေရသည့် အကြောင်းရင်းမှာ ဆန္ဒပြပွဲ ကြီးများကြောင့်တင် မဟုတ်ဘဲ အငြင်းပွားဖွယ် ဥပဒေကြမ်းကြောင့်လည်း ပါဝင်သည်။ စီးပွားရေးလုပ် ဆောင်ရန်လုံခြုံသော နေရာတစ်ခုဖြစ်သည်ဆိုသော ဟောင်ကောင်၏ နာမည်ဂုဏ်အား အဆိုပါဥပဒေကြမ်းက ထိခိုက်အောင် လုပ်လာမည်ကို စိုးရွံ့နေကြခြင်းဖြစ်သည်။
ထို့ပြင် ယင်းဥပဒေကြမ်းကြောင့် လျှို့ဝှက်ပြီး နိုင်ငံရေးစွက်ဖက်မှုများစွာရှိသည့် တရုတ်၏ တရားရေးစနစ်ထဲ၌ ပါဝင်ပတ်သက်ကြရမည့် အရေးကိုလည်း အတိုက်အခံများက စိုးရိမ်နေကြသည်။
ဒီလိုမျိုးဥပဒေကို အတည်ပြုလိုက်တာဟာ ဟောင်ကောင်ထဲက စီးပွားရေးတွေကို စင်ကာပူလို နေရာမျိုးဘက်ကို တွန်းပို့လိုက်သလိုပဲ ဖြစ်နေလိမ့်မယ်” ဟု Port Shelter ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းမှ အမှုဆောင်ချုပ်ဖြစ်သည့် ရစ်ချတ်ဟားရစ်က ဟောင်ကောင်သတင်းစာ South China Morning Post တွင် ရေးသားခဲ့သည်။
■ အချုပ်အခြာအာဏာ ပိုင်စိုးမှု
ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်သည် လက်ရှိတွင် ရာဇဝတ်သားလွှဲပြောင်းရေးဥပဒေကြမ်းအား အတည်ပြုရေးကို ဆိုင်းငံ့လိုက်ပြီဖြစ်သည်။ သို့သော် အပြီးအပိုင် ရုပ်သိမ်းခြင်း မရှိသေးပေ။
ထိုသို့ အခြေအနေတည်ငြိမ်မှု မရှိသေးခြင်းကြောင့် ဒေသတွင်း၌ ပထမဆုံးစီးပွားရေးအခြေစိုက် ရန်စဉ်းစားသူများအနေနှင့် ဟောင်ကောင်အစား စင်ကာပူကိုပင် စဉ်းစားစေလိမ့်မည်ဖြစ်သည်ဟု ဟောင်ကောင်အခြေစိုက် ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သည့် ဒေးဗစ်ဝက်ဘ်က ပြောကြားခဲ့သည်။
“ပထမဆုံးရုံးခန်းဖွင့်မယ်လို့ စဉ်းစားတဲ့သူတစ်ဦးဟာ ဒီလိုမျိုးဥပဒေတွေကို အချိန်မရွေးပြန်အသက်သွင်းနိုင်ခြေရှိတယ်ဆိုတဲ့ အ ချက်ကိုလည်း ထည့်စဉ်းစားမိမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
စင်ကာပူကမူ ၎င်းတို့နိုင်ငံသည် ဟောင်ကောင်လောက် လူဦးရေသိပ်သည်းခြင်း မရှိသည့်အပြင် ပိုမိုငြိမ်ဝပ်ပိပြားသော နေရာတစ်ခုအဖြစ် ဂုဏ်တင်ရန် ကြိုးပမ်းလျက် ရှိသည်။ သို့သော်လည်း ရံဖန်ရံခါတွင် စင်ကာပူသည် ပျင်းရိဖွယ် ကောင်းသည်ဟု သရော်ခံရပြီး အရပ်ဘက်လွတ်လပ်ခွင့်များအား တင်းကျပ်မှုအတွက်လည်း ဝေဖန်ခံနေရသည်။
မီဒီယာများကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည့် စင်ကာပူတွင် ဝေဖန်သူများ၊ နိုင်ငံရေးအတိုက်အခံများကို ငြိမ်သက်စေရန် စီးပွားရေးအရ အထိနာစေသည့် အသရေဖျက်မှုဥပဒေများကို အသုံးပြုသည်ဟု အခွင့်အရေးတက်ကြွ လှုပ်ရှားသည့် အုပ်စုများကလည်း ပြောနေကြသည်။
“လွတ်လပ်စွာပြောဆိုခွင့်ရှိတဲ့ နေရာဆိုပြီး စင်ကာပူကို ဘယ်သူမှ မသိကြပါဘူး။ ဒါပေမဲ့ သူ့မှာက အချုပ်အခြာအာဏာ စိုးမိုးမှုရှိနေပြန်တယ်” ဟု ဝက်ဘ်က ပြောကြားခဲ့သည်။
တရားဥပဒေစိုးမိုးမှု အားကောင်းသည်ဆိုသည့် စင်ကာပူနိုင်ငံ၏ ဂုဏ်သတင်းကျော်စောမှုက လည်း စီးပွားရေးများကို ဆွဲဆောင်နိုင်သည့် အဓိကသော့ချက်တစ်ခု ဖြစ်သည်။ ထို့ပြင် ကုန်သွယ်ရေး ဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းရေးအတွက် စင်ကာပူသို့ ရောက်လာကြသည့် နိုင်ငံခြားကုမ္ပဏီများ မှာလည်း များပြားလာသည်။
စင်ကာပူအပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးစင်တာ ( နိုင်ငံတကာတွင်လည်း အလားတူခုံရုံးများစွာရှိ) သည် ယမန်နှစ်တစ်နှစ်တည်းမှာပင် အမှုပေါင်း ၄၀၀ ကျော်ကို လက်ခံရရှိခဲ့သည်။ ပြီးခဲ့သည့် ဆယ် စုနှစ်အတွင်းမှာပင် လက်ခံရရှိသည့် အမှုအရေအတွက်မှာ လေးဆခန့် မြင့်တက်လာသည်ဟု သိရသည်။
စင်ကာပူနှင့် ဆန့်ကျင်စွာပင် ဟောင်ကောင်တွင်မူ ယခုရာဇဝတ်သားလွှဲပြောင်းရေးဥပဒေကြမ်းသည် တစ်ချိန်က တည်ငြိမ်မှုရှိခဲ့သော်လည်း တရုတ်အစိုးရ၏ အာ ဏာလွှမ်းမိုးမှုချဲ့ထွင်ရန် ကြိုးပမ်းခြင်းကြောင့် ဟောင်ကောင်တရားရေးစနစ်မှာ တဖြည်းဖြည်းယိုယွင်းလာခြင်း၏ နောက်ဆုံးလက္ခဏာ တစ်ရပ်ဖြစ်သည်ဟု ဝေဖန်သူများက ပြောနေကြသည်။
သို့သော်လည်း ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်းများတစ်ပြုံတစ်မကြီး ရွှေ့ပြောင်းသွားရေးမှာ မူ မဖြစ်နိုင်သေးကြောင်း ကျွမ်းကျင်သူများက ပြောခဲ့ကြသည်။
“တရုတ်ပြည်မကြီးထဲက ရင်းနှီးမြှုပ်နှံသူတွေဟာ တူညီမှုရှိတာကို အခြေပြုပြီး စင်ကာပူထက် ဟောင်ကောင်မှာပဲ ရင်းနှီးမြှုပ်နှံဖို့ကို လိုလားနေကြပါသေးတယ်” ဟု Frost & Sullivan အတိုင်ပင်ခံအဖွဲ့မှ အဟီနတ်ကူ ပြောကြားခဲ့သည်။
“အခုလိုမျိုး မရေရာမှုတွေ၊ ယုံကြည်မှုလျော့ပါးမှုတွေဟာ ဟောင်ကောင်ကနေ စီးပွားရေးလုပ်ငန်းတွေ အများကြီးထွက်သွားဖို့ တံခါးဖွင့်ပေးလိုက်သလို ဖြစ်လိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး” ဟု လောရင့်လိုကလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
