Wild Boars ဘောလုံးအသင်းမှ ကလေးများ ပိတ်မိနေခဲ့သည့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူသည် အလွန်အမင်း ရေပန်းစားလာခဲ့ပြီး ခရီးသွားဧည့်သည် ၁.၃ သန်း လာရောက်သည့် နေရာတစ်ခုအဖြစ် ဆွဲဆောင်သည့် နေရာတစ်ခု ဖြစ်လာသည်။ ဂူထဲတွင် ပိတ်မိနေသည့် လူငယ်ဘောလုံးအသင်းကို ကယ်တင်ရန် ကြိုးစားရင်း သေဆုံးခဲ့သည့် ရေငုပ်သမားပုံ ထုလုပ်ထားသည့် ကြေးညိုရောင်ရုပ်တုတစ်ခု အနီးတွင် ခရီးသွားများက ဆဲဖီဓာတ်ပုံများ သူ့ထက်ငါ ဦးအောင် ရိုက်ကူးကြသည်။
“ဒီနေရာမှာ ဖြစ်ပျက်ခဲ့တာတွေက အံ့အားသင့်စရာပါပဲ။ ကျွန်တော် သြစတြေးလျကနေ အားလုံးကို မလွတ်တမ်း ကြည့်ရှုနားထောင်ခဲ့တယ်” ဟု ခရီးသွားဧည့်သည် John McGowan က Tham Luang ဂူဝင်ပေါက်မှ မီတာ ၁၀၀ ခန့်အကွာရှိ ခရီးသွားစင်တာ တစ်ခုတွင် ဓာတ်ပုံရိုက်ပြီးနောက် အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
“ကျွန်တော့်မျက်စိနဲ့ ဒီဂူကို ကြည့်ချင်ခဲ့တာ။ ဂူမှာ ခရီးသွားဧည့် သည်တွေအတွက် ကန့်သတ်မှုတွေရှိလို့ နည်းနည်းတော့ စိတ်ပျက်ခဲ့ရ တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ခရီးသွားများသည် ဒေါ်လာအနည်းငယ်မျှဖြင့် ယင်းဂူရှိရာနေရာတွင် ဘောင်ခတ်ထားသည့် ဓာတ်ပုံများ၊ ဘောလုံးသမားများ၏ ပိုစတာများ၊ ပိတ်မိကလေးများကို ကယ်တင်ရန် ကြိုးစားရင်း အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့သည့် Thai Navy SEAL ရေငုပ်သမား Saman Gunan ၏ မျက်နှာကို ရိုက်နှိပ်ထားသည့် တီရှပ်များ အပါအဝင် အိမ်အပြန် အမှတ်တရလက်ဆောင် တီရှပ်များကို ဝယ်ယူနိုင်မည်ဖြစ်သည်။
အသက် ၁၁ နှစ်နှင့် ၁၆ နှစ် အတွင်းရှိ လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြတို့ ၂၀၁၈ ခုနှစ် ဇွန် ၂၃ ရက်တွင် Tham Luang ဂူသို့ ဝင်ရောက်ခဲ့ပြီး နောက် မယ်ဆိုင်ဒေသ၏ လှပသည့် ကျေးလက်ဒေသသည် ကမ္ဘာက စိတ်ဝင်စားသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။
လူငယ်ဘောလုံးအသင်းနှင့် နည်းပြတို့ Tham Luang ဂူထဲသို့ ရောက်ရှိစဉ် ရေတက်လာသောကြောင့် ဂူထဲတွင် ၁၈ ရက်ကြာ ပိတ်မိနေခဲ့သည်။ ကွေ့ကောက်ပြီး ရေလွှမ်းနေသည့် လမ်းကြောင်းကိုဖြတ်၍ ၎င်းတို့ကို ကယ်ထုတ်ရသည့် မကြုံစဖူး ကယ်ဆယ်ရေးမစ်ရှင်သည် ကမ္ဘာကို ဆွဲဆောင်ခဲ့သည်။
ယခင်က တစ်နှစ်လျှင် ခရီး သွား ၅,၀၀၀ ခန့်သာ ရောက်ရှိခဲ့သည့် ယင်းဂူသည် အံ့အားသင့်ဖွယ် ကယ်ဆယ်ရေးမစ်ရှင် အပြီးတွင် ထိုင်းနှင့် ပြည်ပမှ ခရီးသွားများဖြင့် ပြည့်လျှံနေခဲ့သည်။
“လူငယ်ဘောလုံးအဖွဲ့နဲ့ ဒီနေရာမှာ အံ့သြဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်” ဟု စင်ကာပူနိုင်ငံသား ခရီးသွား Cheong က ပြောကြားခဲ့သည်။
Tham Luang ဂူရှိသည့် မယ်ဆိုင်ဒေသသည် နိုင်ငံခြား ခရီးသွားများအတွက် လူသိနည်းသည့် ဝေးလံသည့် နေရာတစ်ခုဟု ယူဆရသည်။ သို့သော် ၂၀၁၈ ခုနှစ် အောက်တိုဘာနှင့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်း ယင်းနေရာသို့ ခရီးသွား ၁.၃ သန်း လာရောက် လည်ပတ်ခဲ့သည်ဟု Site Manager ဖြစ်သူ Kawee Prasomphol က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
ဒဏ္ဍာရီလာ ဂူအနီးရှိ ဒေသအတွက် အစိုးရသည် ကြီးမားသည့် စီမံကိန်းများရှိပြီး အပန်းဖြေစရာ အမျိုးမျိုး ပါရှိသည့် စျေးဝယ်စင်တာ တစ်ခု၊ စားသောက်ဆိုင်များ၊ ဟိုတယ်များအတွက် ဒေါ်လာ ၁.၆ သန်း ခွဲဝေသတ်မှတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ခရီးသွားများကို ဆွဲဆောင်သည့် ဗဟိုချက်တစ်ခု ဖြစ်လာသည့် ယင်းဒေသတွင် လူငယ်ဘောလုံးသမားများ၊ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ပုံ ပါဝင်သည့် The Heroes ဟု အမည်ပေးထားသည့် နံရံဆေးရေး ပန်းချီကား တစ်ချပ်ကို ရေးဆွဲထားသည်။ နံရံဆေးရေးပန်းချီ၏ အလယ်တွင် ထိုင်းရေငုပ်သမား Saman Gunan ၏ ပီတိအပြုံးဖြင့် ပြုံးနေသည့် မျက်နှာကို ရေးဆွဲထားသည်။
ယင်းဂူအနီးရှိ ထီလက်မှတ် ရောင်းသူများက ပိတ်မိကလေးများ၏ အသက်ရှင်သန်မှုနှင့် အနီးဝန်းကျင်ရှိ နတ်ကွန်းတွင် ဆုတောင်းသည့် အလေ့အထတို့ ဆက်စပ်ပြီး ကံကောင်းမှု ရှိစေနိုင်သည် ဆိုသော တွေးဆမှုကို အမြတ်ထုတ်ကြသည်။ ယင်းအနီးဝန်းကျင်တွင် ထီဆိုင်များသည် ဒါဇင် အနည်းငယ်မှသည် ၂၅၀ နီးပါးခန့်အထိ နေ့ချင်း ညချင်း များပြားလာခဲ့သည်။
ကယ်ဆယ်ရေးမစ်ရှင်အပြီး သီတင်းပတ်များစွာ အကြာတွင် ဂူအနီးသို့ ဆိုင်ခန်းပြောင်းရွှေ့လာခဲ့သည့် အသက် ၆၀ အရွယ် Kraingkrai Kamsuwan ဆိုသူက တစ်လလျှင် ထီလက်မှတ်စောင်ရေ ၄,၀၀၀ ခန့် ရောင်းချခဲ့ရသည်ဟု ပြောကြားခဲ့သည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
