Top News

ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသည့် နိုင်ငံခြားသားအမျိုးသမီး ၁၁၀၀ ကို တရုတ်ရဲတပ်ဖွဲ့က ကယ်တင်
24htopnews | December 3, 2024 12:12 AM CST

လွန်ခဲ့သောနှစ်တွင် ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ကြရသည့် နိုင်ငံခြားသားအမျိုးသမီး ၁၁၀၀ ကိုတရုတ်ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ရပြီး ထိုအမျိုးသမီးများသည် အရှေ့တောင်အာရှမှ ဖြစ်သည်ဟု ဇွန်၂၁ ရက်တွင် အာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့သည်။

ဇူလိုင်နှင့် ဒီဇင်ဘာလအတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းတို့မှ ရဲများ နှင့် ပူးတွဲစစ်ဆင်ရေးများတွင် ကလေး ၁၇ ဦးကိုလည်း ကယ်တင်ခဲ့သည်ဟု ပြည်သူ့လုံခြုံ ရေးဌာနက ထုတ်ပြန်ခဲ့သည်။

လူများကို ရောင်းစားခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်ညာ လက်ထပ်ခြင်းတို့အတွက် စီးနင်းရှာဖွေမှု များ လုပ်ဆောင်ခဲ့ရာ၌ နိုင်ငံခြားသား၂၆၀  အပါအဝင် သံသယရှိသူ ၁၃၀၀ ကျော်ကို ထိန်းသိမ်းခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ “မကြာသေးခင်နှစ်တွေမှာ ပြည်တွင်းနဲ့  ပြည်ပပြစ်မှုကျူးလွန်သူတွေဟာ တရုတ်မှာ အလုပ်လုပ်ရမယ်၊ အိမ်ထောင်ပြုရမယ်ဆိုပြီး အိမ်နီးချင်းနိုင်ငံက အမျိုးသမီးတွေကို ဖျားယောင်းလိမ်လည်ခဲ့ကြ ပါတယ်။ အမျိုးသမီးတချို့ ပြန်ပေးဆွဲတာ ခံခဲ့ရပြီး ဇနီးမယားအဖြစ်လည်း ရောင်းစား ခံခဲ့ကြရပါတယ်” ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုးလင်က ပြောကြားခဲ့သည်။

ပေကျင်း၏ ဆယ်စုနှစ်ချီကြာမြင့်ခဲ့သော ကလေးတစ်ဦးသာ မွေးရမည့်မူဝါဒနှင့် သားယောကျ်ားလေးများကိုသာ လိုချင်မှုတို့ကြောင့် တရုတ်တွင် အမျိုးသမီး ၃၃ သန်း နီးပါးလိုအပ်နေခဲ့ရာ လူပျိုကြီးဘဝကို ရင်ဆိုင် နေကြရသော တရုတ်အမျိုးသားအရေအတွက်သည် အလားတူ ပမာဏ ရှိနေသည်ဟု ဆိုသည်။

 


READ NEXT
Cancel OK