ကမ္ဘောဒီးယားအပန်းဖြေကမ်းခြေတစ်ခုရှိ ဆောက်လက်စအဆောက်အအုံတစ်ခု ဇွန် ၂၂ ရက် အစောပိုင်းတွင် ပြိုကျမှုကြောင့် လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား အနောက်တောင်ပိုင်း၊ ကာစီနိုအပန်းဖြေမြို့ ှ Sihanoukville ရှိ တရုတ်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည့် ခုနစ်ထပ်အဆောက်အအုံအတွင်း အလုပ်သမားများ အလုပ်လုပ်နေစဉ် ပြိုကျခဲ့ခြင်း ဖြစ်သည်။
လူနှစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်သူအများအပြားရှိကြောင်း တာဝန်ရှိသူများက ပြောကြား ခဲ့သည်။ ပြိုကျခဲ့သည့် အဆောက်အအုံအတွင်းပိတ်မိနိုင်ခြေရှိသည့် အလုပ်သမားများကို ရှာဖွေရန် မြေတူးစက်များဖြင့် အုတ်ကျိုးအုတ်ပဲ့များကို တူးဖော်နေသည့်ပုံများကို မီဒီယာများက ဖော်ပြခဲ့သည်။
ယင်းအဆောက်အအုံကို တရုတ်နိုင်ငံသားတစ်ဦးက ပိုင်ဆိုင်ကြောင်း၊ ၎င်းသည် ကမ္ဘောဒီးယားမြေပိုင်ရှင်တစ်ဦးထံမှ မြေကိုငှားရမ်းပြီး ယင်းအဆောက်အအုံကို ဆောက်ခဲ့ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီက ဖော်ပြခဲ့သည်။
ယင်းမတော်တဆဖြစ်စဉ်နှင့်ပတ်သက်ပြီး အဆောက်အအုံ၏ပိုင်ရှင် တရုတ်နိုင်ငံသား၊ ဆောက်လုပ်ရေးကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် ကန်ထရိုက်တာအပါအဝင် လူလေးဦးကို ဖမ်းဆီးထားကြောင်း၊ မြေပိုင်ရှင် ကမ္ဘောဒီးယားနိုင်ငံသားကိုလည်း စစ်ဆေးမေးမြန်းရန် ပြည်နယ်ရုံးချုပ်တွင် ထိန်းသိမ်းထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို မွန်းလွဲပိုင်းအထိ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသော်လည်း ပြိုကျမှုဖြစ်ပွားချိန်တွင် ယင်းအဆောက်အအုံ၌ အလုပ်လုပ်နေသည့် အလုပ်သမားအရေအတွက် အတိအကျကို တာဝန်ရှိသူများက မထုတ်ပြန်နိုင်သေးပေ။
အခင်းဖြစ်ပွားချိန်တွင် ယင်းဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ပုံမှန်အားဖြင့် အလုပ်သမား ၅၀ ခန့် ရှိနိုင်သည်ဟု အုပ်ချုပ်ရေးမှူး ယွန်မင်က ပြောကြားခဲ့သည်။
သေဆုံးသူများထဲတွင်စကားပြန်တစ်ဦး ပါဝင်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တစ်ချိန်က စည်ကားမှုမရှိခဲ့သည့် တံငါဒေသဖြစ်သည့် Sihanoukville မြို့တွင် ပြီးခဲ့သည့်နှစ်များအတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှုများ လှိမ့်ဝင်လာခဲ့ပြီး ပြည်မကြီးမှ ခရီးသွားများကို ဆွဲဆောင်မည့် လောင်းကစား အပန်းဖြေစခန်းမြို့ဖြစ်လာစေရန် ဆောက်လုပ်ရေးများ လုပ်ဆောင်ခဲ့သည်။ ယင်းမြို့တွင် တရုတ်နိုင်ငံသားများ ပိုင်သည့် လောင်းကစားရုံ ၅၀ ခန့်နှင့် ဆောက်လက်စ ဟိုတယ် ဒါဇင်များစွာရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
