၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲကို လက်ခံကျင်းပခွင့်ရရှိရန် အရှေ့တောင်အာရှ နိုင်ငံများပူးပေါင်းပြီး စတင်ကြိုးပမ်းနိုင်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့အကြီးဆုံး အားကစားပွဲကြီးကို ဘောလုံးအားကစားနှင့် ပတ်သက်ပြီး အရူးအမူး ဖြစ်ကြသည့် အရှေ့တောင်အာရှဒေသ၌ ကျင်းပနိုင်ရေးအတွက် ရဲဝံ့သော ကြိုးပမ်းမှု ဖြစ်လာမည်ဖြစ်သည်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို လက်ခံကျင်းပခဲ့ဖူးသည့် အာရှနိုင်ငံဟူ၍ ဂျပန်နှင့် တောင်ကိုရီးယားသာ ရှိပြီး ၂၀၀၂ ခုနှစ်က နှစ်နိုင်ငံပူးတွဲပြီး လက်ခံကျင်းပခဲ့ကြခြင်း ဖြစ်သည်။
ကြီးမားသော အားကစားစျေးကွက်နှင့် လိုက်ဖက်ညီသော ကြွယ်ဝမှု ၊ အခြေခံ အဆောက်အအုံများရှိသော တရုတ်သည် နောက်တစ်ကြိမ် ကမ္ဘာ့ဖလားဘောလုံးပွဲအား လက်ခံကျင်းပခွင့်ရမည့် အာရှနိုင်ငံတစ်နိုင်ငံ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံနေရသည်။
သို့သော် ယခုသီတင်းပတ်ကုန်ရက်က ဘန်ကောက်မြို့တွင် တွေ့ဆုံကြသော အရှေ့တောင်အာရှ ၁၀ နိုင်ငံအဖွဲ့ (အာဆီယံ)သည် အဆိုပါ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပရန် အခွင့်အရေးကို ဒေသတွင်း စူပါအင်အားကြီး တရုတ်ထံမှ ဖြတ်ယူရန် စိတ်အားထက်သန်နေကြခြင်း ဖြစ်သည်။
“အစိုးရတွေအပိုင်းကနေ ကြည့်မယ်ဆိုရင် အခုအချိန်ကနေ ၁၅ နှစ် အတွင်း ဒါဟာ ဖြစ်လာနိုင်ပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်က အခြား အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။
“ ဇွန် ၂၃ ရက်မှာ ထိပ်သီးအစည်းအဝေး အဆုံးမသတ်ခင် ဒီစိတ်ကူးကို အာဆီယံ ခေါင်းဆောင်အားလုံးထံ တင်ပြသွားမှာပါ” ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရအမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။
ကမ္ဘာ့ဖလားဘောလုံးပွဲများကို စတင်ကျင်းပသော ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း လက်ခံကျင်းပခဲ့ဖူးသည့် နိုင်ငံပေါင်း ၁၇ နိုင်ငံ ရှိပြီဖြစ်ပြီး ယင်းတို့အနက် အများအပြားမှာ ဥရောပနှင့် တောင်အမေရိကတို့မှ နိုင်ငံများ ဖြစ်ကြသည်။ ထိုပြိုင်ပွဲများအတွင်း ၎င်းတို့ နိုင်ငံ့အသင်းများကို အားပေးရန်အတွက် သန်းနှင့်ချီသော ဘောလုံးဝါသနာရှင်များ လာရောက်ခဲ့ကြသည်။
FIFA သည် ကမ္ဘာ့ဖလားပွဲလက်ခံကျင်းပမည့် နိုင်ငံကို နှစ်ပေါင်းများစွာ ကြိုတင်ရွေးချယ်ခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲအား မြောက်အမေရိကတိုက်တွင် ကျင်းပမည်ဖြစ်သဖြင့် အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့က ၎င်းတို့၏ မြို့ပေါင်း ၁၆ မြို့တွင် ပူးတွဲလက်ခံကျင်းပသွားမည်ဖြစ်သည်။
သို့သော် နှစ်နှင့်ချီကြာမြင့်သည့် ရွေးချယ်စိစစ်ရေး လုပ်ငန်းစဉ်သည် အငြင်းပွားမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။ ၂၀၁၈ ခုနှစ်က ရုရှားနိုင်ငံ၊ ၂၀၂၂ ခုနှစ်အတွက် ကာတာနိုင်ငံတို့အား အားကစားပွဲ လက်ခံကျင်းပ သည့်နိုင်ငံများအဖြစ် ရွေးချယ်ခဲ့စဉ်က လာဘ်ယူမှု၊ လာဘ်ထိုးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည့်ဆိုသည့် စွပ်စွဲမှုအများအပြား ရှိခဲ့သည်။
အရှေ့တောင်အာရှဒေသသည် စိတ်အား ထက်သန်သော ဘောလုံးပရိသတ်သန်းပေါင်းများစွာ ရှိသည့် နေရာဖြစ်သော်လည်း ထိပ်တန်းနိုင်ငံဘောလုံးအသင်းများ နည်းပါးသည့်အပြင် ကြီးမားသည့် ထိုအားကစားပွဲ များကို လက်ခံကျင်းပနိုင်မည့် နေရာမှာလည်း ရှားပါးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
