စစ်ဘက်ဆိုင်ရာ အသုံးချမှုများတွင် စူပါကွန်ပျူတာနည်းပညာဖြင့် ပူးပေါင်းပါဝင်နေကြသော တရုတ်အဖွဲ့အစည်းငါးခုအား အမေရိကန်က အမည်ပျက်စာရင်း သွင်းလိုက်ကြောင်း သိရသည်။ အမေရိကန် သည် ၎င်းတို့၏ အရေးကြီးနည်းပညာအား အာရှပြိုင်ဘက်တရုတ်က လက်လှမ်းမမီစေရန် ယခုကဲ့သို့ လုပ်ဆောင်မှုသည် အမျိုးသား လုံခြုံရေးကြောင့်ဟု အကြောင်းပြခဲ့သည်။
တရုတ်အုပ်စုများကို အမည်ပျက် စာရင်းသွင်းလိုက်သော အမေရိကန်ကုန်သွယ်ရေးဌာန၏ ဇွန် ၂၁ ရက်က လုပ်ရပ်ကြောင့် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံကြားမှ ကုန်သွယ်ရေးအငြင်းပွားမှုကို ဖြေလျှော့ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင်ပင်းတို့၏ လာမည့်သီတင်းပတ် ဆွေးနွေးပွဲကို ပိုမိုခက်ခဲစေလိမ့်မည် ဖြစ်သည်။
Entity စာရင်းဟုခေါ်သော ထိုအမည်ပျက်စာရင်းထဲသို့ ထည့်ခံရသည့် အဖွဲ့အစည်းငါးခုထဲတွင် စူပါကွန်ပျူတာ ထုတ်လုပ်သည့်လုပ်ငန်း Sugon လည်းပါဝင်သည်။ Sugon သည် Chip ထုတ်လုပ်ရေးလုပ်ငန်း များဖြစ်သော Intel ၊ Nvidia နှင့် Advanced Micro Devices အစရှိသည့် အမေရိကန် supplier များကို ကြီးကြီးမားမား မှီခိုနေရသည်။
စာရင်းထဲတွင် ပါသွားသည့် ကျန်လေးခုမှာ Wuxi Jiangnan ကွန်ပျူတာနည်းပညာဆိုင်ရာ အင်စတီကျူ့နှင့် Sugon နှင့် ဆက်စပ်နေသော လုပ်ငန်းသုံးခုတို့ဖြစ်ကြသည်။ ယင်းတို့၏လုပ်ရပ်များသည် အမေရိကန်၏ အမျိုးသားလုံခြုံရေး၊ ပြည်ပရေးရာမူဝါဒ အကျိုးစီးပွားများနှင့်ဆန့်ကျင်နေသည်ဟု အမေရိကန် ကုန်သွယ်ရေးဌာနက ပြောကြားခဲ့သည်။
Wuxi Jiangnan အင်စတီကျူ့အား တရုတ်စစ်တပ် သုတေသနဌာနတစ်ခုက ပိုင်ဆိုင်ခြင်းဖြစ်သည်ဟု အမေရိကန်က ပြောနေသည်။ စစ်တပ်အဆင့်မြှင့်တင်မှုကို ကူညီပေးရန် စွမ်းဆောင်ရည်မြင့်သော မျိုးဆက်သစ် ကွန်ပျူတာနည်းပညာကို တည်ဆောက်ရန် တရုတ်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုထဲတွင် Sugon နှင့် Wuxi Jiangnan တို့ပါဝင်နေကြသည်ဟု သိရသည်။
ထိုနည်းပညာသည် နျူကလီးယားခွင်တု စက်များလည်ပတ်ရေး၊ ဒုံးကျည်လမ်းကြောင်းနှင့် အသံထက်မြန်သော အယ်လ်ဂိုရီသမ်များကို တွက်ချက်ရေးအစရှိသည့် စစ်ရေးနှင့်ဆက်စပ်နေသည့်လုပ်ငန်းများတွင် ပါဝင်ကူညီပေးလျက်ရှိသည်ဟု ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်ချင့်တွက်ရေး လုပ်ငန်း Eurasia Group မှ နည်းပညာ လေ့လာသူ ပေါထရီလိုက ပြောကြားခဲ့သည်။
“Exascale ကွန်ပျူတာနည်းပညာအတွက် ယှဉ်ပြိုင်မှုတွေပါပဲ။ တရုတ်က ဒါကို အဓိက ဦးစားပေးအနေနဲ့ သတ်မှတ်ထားတာပါ” ဟု ၎င်းက ပြောကြားခဲ့ပြီး Sugon ကဲ့သို့ ကုမ္ပဏီများသည် အစိုးရ၏ ကျော ထောက်နောက်ခံပေးမှုများကို ကြီးကြီးမားမား ရရှိထားကြသည်ဟုလည်း ဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ်များအတွင်းက တရုတ်နှင့် အမေရိကန်ကုမ္ပဏီများသည် ကမ္ဘာ့ အမြန်ဆုံး စူပါကွန်ပျူတာထုတ်လုပ်ရေး လုပ်ငန်းများဆိုသည့် နေရာကို တစ်လှည့်စီယူနေကြသည်။ Sugon သည် မကြာသေးမီက ထွက်ရှိလာသည့် အဆင့်သတ်မှတ်ချက်ထဲတွင် ထိပ်တန်း လုပ်ငန်း ၅၀၀ ထဲ၌ ၆၃ နေရာ၌ ရှိနေသည်။ ယခုကဲ့သို့ အမည်ပျက်စာရင်း သွင်းခံလိုက်ရသည့် တရုတ်အဖွဲ့အစည်းများကို အမေရိကန်လုပ်ငန်းများသည် အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ နည်းပညာ ရောင်းချခွင့်မရှိပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
