Top News

တရုတ်ဦးဆောင်သော ကုန်သွယ်ရေး သဘောတူညီချက်အတွက် ရှေ့ဆက်ဆောင်ရွက်ရန် အာဆီယံခေါင်းဆောင်များ ထောက်ခံ
24htopnews | December 3, 2024 12:12 AM CST

အမေရိကန်-တရုတ်ကုန်သွယ်ရေး စစ်ပွဲမှ အန္တရာယ်များကို ကာကွယ်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောထား ကွဲလွဲမှုများရှိနေသော်လည်း ကြန့်ကြာနေသည့် ဒေသတွင်းကုန်သွယ်ရေး သဘောတူညီချက်ကို ယခုနှစ်အတွင်း အပြီးပြတ်ဆောင်ရွက်ရန် ကြိုးပမ်းသွားမည်ဟု အရှေ့တောင်အာရှ ခေါင်းဆောင်များက ဘန်ကောက် အာဆီယံထိပ်သီးတွင် ကတိပြုခဲ့ကြသည်။

နှစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲတွင်  တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုနှင့် ပတ်သက်သည့် ပဋိပက္ခများကိုလည်း ဆွေးနွေးကြဖွယ်ရှိသည်။ အခြား အဓိက အကြောင်းအရာများတွင် မြန်မာနိုင်ငံမှ ဘင်္ဂါလီ ဒုက္ခသည်များအရေးလည်း ပါဝင်မည်ဖြစ်သည်။ ထိပ်သီးအစည်းအဝေးပြီးနောက် ထုတ်ပြန်မည့် သဘောတူညီချက်မူကြမ်းတွင် ထိုင်းစစ်အစိုးရခေါင်းဆောင်မှ ဝန်ကြီးချုပ်ဖြစ်လာခဲ့သော ပရာယွတ်ချန်အို ချာက ဒေသတွင်း ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် (RCEP) ကို ယခုနှစ်အတွင်း အပြီးသတ်စေ့စပ်ညှိနှိုင်း မည်ဟု ကတိကဝတ်ပြုထားမှု ပါဝင်ခဲ့သည်။

RCEP ကို ယခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရန် အာဆီယံ စီးပွားရေး ဝန်ကြီးများက အပြင်းအထန် ကြိုးပမ်းကြရမည်ဟု ယင်းသဘောတူညီချက်က တိုက်တွန်းထားသည်။ ကိုယ်ကျိုးစီးပွားကာကွယ်မှု မြင့်တက်လာမှုနှင့်အတူ ဂလိုဘယ်လိုက်ဇေး ရှင်းဆန့်ကျင်ရေး သဘောထားများကြောင့် ကမ္ဘာ့စီးပွားရေး ဆက်လက်နှေးကွေးမည်ကို  စိုးရိမ်ကြောင်း ယင်းကြေညာချက်က ဖော်ပြထားသည်။

အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးတင်းမာမှုများက ဒေသတွင်း  အခက်အခဲများကို ပိုမိုဆိုးရွားစေခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ထုတ်ကုန်များကို စည်းကြပ်ခွန်များ ပြဋ္ဌာန်းထားပြီး တရုတ်ကလည်း လက်တုံ့ပြန်ပြီး စည်းကြပ်ခွန်များ ပြဋ္ဌာန်းထားသည်။

RCEP ဟုခေါ်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာရှ-ပစိဖိတ် ခြောက်နိုင်ငံတို့က စေ့စပ်ညှိနှိုင်းနေသည်။ ယင်းသဘောတူညီချက်၌ တရုတ်နှင့် အိန္ဒိယကဲ့သို့ အာရှအင်အားကြီးများ ပါဝင်နေသော်လည်း အမေရိကန် မပါဝင်ပေ။ RCEP သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက် နီးပါးကို လွှမ်းခြုံပြီး ကမ္ဘာ့ကုန်သွယ်ရေး၏ ရာခိုင်နှုန်း ၄၀ ကို ကိုယ်စားပြုသော သဘောတူညီချက် ဖြစ်မည်ဖြစ်သည်။

စေ့စပ်ညှိနှိုင်းမှုများ တိုးတက်နေသော်လည်း ကွဲလွဲချက်များကြောင့် RCEP ကို ယမန်နှစ်က အပြီးသတ်ရန် ဆွေးနွေးမှုများ မအောင်မြင်ခဲ့ပေ။ အိန္ဒိယက ပြိုင်ဘက် တရုတ်ထံမှ သွင်းကုန်များအတွက် စျေးကွက် ဖွင့်ပေးရမှုနှင့်ပတ်သက်ပြီး သဘောထား ကွဲလွဲနေသည်။

ထို့ပြင် တောင်တရုတ်ပင်လယ် တင်းမာမှုများအား မြင့်တက်စေပြီး အခြေအနေကို ရှုပ်ထွေးစေသော လုပ်ဆောင်မှုများအား ထိန်းချုပ်ကြရန်နှင့် တောင်တရုတ်ပင်လယ်ကို စစ်ပုံ မသွင်းရန်အတွက် အရေးကြီးကြောင်း အာဆီယံခေါင်းဆောင်များက ကြေညာချက်တွင် ထုတ်ဖော်ထားသည်။         

 


READ NEXT
Cancel OK