ဇွန် ၂၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာယောဂနေ့၌ အိန္ဒိယနိုင်ငံရှိ ဒေသအများအပြားတွင် လူစုလူဝေးဖြင့် ယောဂကျင့်စဉ်များကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကို ၂၀၁၄ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာယောဂနေ့၏ အဓိကရည်ရွယ်ချက်မှာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီသည် ဇွန် ၂၁ ရက်နံနက်စောစောအချိန်တွင် လူပေါင်း ၃၀၀၀၀ ခန့်နှင့်အတူ ဂျာခန်းပြည်နယ်အရှေ့ပိုင်း ရန်ချီမြို့၌ နေမင်းဂါရဝပြု အကွက်အပါအဝင် အခြားသော အလွယ်တကူ ကျင့်ယူနိုင်သည့် ယောဂလေ့ကျင့်စဉ်များကို အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ ယခုနှစ်အတွင်း ဝန်ကြီးချုပ်မိုဒီသည် ယောဂလေ့ကျင့်ခြင်းကို စိတ်ဖိစီးမှုနှင့် အမုန်းတရားကို အနိုင်ယူသည့် ကုထုံးတစ်ရပ်အဖြစ် LinkedIn ဝက်ဘ်ဆိုက်တွင် ချီးကျူးထောမနာပြုခဲ့သည်။
အိန္ဒိယလက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် မွမ်ဘိုင်းတွင် ကျောက်ချရပ်နားထားသော လေယာဉ်တင်သင်္ဘော INS Viraat ၏ ကုန်းပတ်ပေါ်၌ ၎င်းတို့၏ ယောဂလေ့ကျင့်ရေးဖျာများကို နေရာချကာ ယောဂကျင့်စဉ်များ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယမြောက်ပိုင်းပြည်နယ် ဟာယာနာတွင် အင်ဒို -တိဘက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့လေ့ကျင့်သင်ကြားပေးထားသည့် အနံ့ခံခွေးများနှင့်အတူ ယောဂလေ့ကျင့်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
