မိန်းကလေးတစ်ယောက်ရဲ့ဂုဏ်ကျက်သရေတွေထဲမှာ လှပတင့်တယ်မှု၊ ဉာဏ်ပညာ ထက်မြက်မှု၊ အိန္ဒြေသိက္ခာနဲ့ ပြည့်စုံမှု စတာတွေလည်း ပါဝင်ပါတယ်။ ဒီလိုမိန်းကလေးတစ်ယောက်ရဲ့အလှတရားနဲ့ ပင်ကိုယ် စွမ်းရည်တွေကို ထုတ်ဖော်ပြသရတဲ့ အလှမယ်ပြိုင်ပွဲတွေက ဒီဘက်ခေတ်မှာတော့
မိန်းကလေးအများစု စိတ်ပါဝင်စားကြတဲ့ ပြိုင်ပွဲတွေ ဖြစ်လာတယ်ဆိုရင် မမှားပါဘူး။ ဒီနေ့မှာတော့ Miss Universe Mandalay 2015 ဆုရှင် အလှမယ်ဟန်လေးရဲ့ ငယ်ဘ၀ ဖြတ်သန်းမှု အမှတ်တရတွေကို ဖော်ပြပေးချင်ပါတယ်။
■ စွာတေးလန် ကောင်မလေးလို့ ဆိုရမယ့် ဟန်လေးရဲ့ငယ်ဘဝ
အလှမယ်ဟန်လေးကို မိဘများဖြစ်ကြတဲ့ ဦးစိုးစိုးညွန့်နဲ့ ဒေါ်နန်းအေးခမ်းတို့က အောက်တိုဘာ ၈ ရက် ၁၉၉၆ ခုနှစ်မှာ မွေးဖွားခဲ့ကြပါတယ်။ မောင်နှမနှစ်ဦးရှိတဲ့ အနက် သမီးအကြီးဖြစ်ပြီး မူဆယ်ဇာတိ ဖြစ်ပါတယ်။ ဟန်လေးရဲ့ငယ်ဘဝမှာ ခပ်ဆိုးဆိုး ဗိုလ်ကျတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ပြီး မောင်ဖြစ်သူနဲ့လည်း အသက်ကွာဟတာကြောင့် တစ်ဦးတည်းသော သမီးပုံစံနဲ့ နှစ်တော်တော်ကြာ ဖြတ်သန်းခဲ့သူ တစ်ဦးပါ။ ဟန်လေးရဲ့အမည်ရင်းကတော့ နန်းရွှေအေးဖြစ်ပြီး အနုပညာအလုပ်တွေ စတင် လုပ်ကိုင်မှပဲ ဟန်လေးလို့ ပေးဖြစ်တာပါလို့လည်း ပြောပြခဲ့ပါတယ်။ ဟန်လေးကို မိဘများကတော့ စွာတေးလန် သမီးလေးအဖြစ် ချစ်စနိုး ပြန် ပြောပြလေ့ ရှိတယ်လို့လည်း ရယ်မောရင်း ဆိုပါသေးတယ်။
■ သာမန် စိတ်ပါဝင်စားမှုနဲ့ ကျောင်းပညာရေး
ဟန်လေးက ဇာတိမြို့ မူဆယ်က ကျောင်းတွေမှာပဲ သူငယ်တန်းကနေ တက္ကသိုလ် ဝင်တန်းအထိ တက်ရောက်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ အဝေးသင်တက္ကသိုလ် တက်ရောက်ခဲ့ပါတယ်။
■ ကျောင်းနေချိန် အနုပညာလှုပ်ရှားမှု
အလှမယ်ဟန်လေးက ကျောင်းနေချိန် အနုပညာ လှုပ်ရှားမှုအနေနဲ့ ကျောင်းကပွဲတွေ၊ အားကစား လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတစ်ဦးပါ။ ဆရာဆရာမများ အားကိုးရတဲ့ အားကစားတော်သူ၊ အနုပညာ ထူးချွန်သူ တစ်ဦးအဖြစ် ကျောင်းနေစဉ်မှာ အသိအမှတ် ပြုခံခဲ့ရပါတယ်။ “ဟန်လေး ငယ်ငယ်ကတော့ ကျောင်းကပွဲတိုင်း မပါမဖြစ်ပါပဲ။ ဆရာဆရာမတိုင်းကလည်း ပါစေချင်တယ်။ ဟန်လေး ကိုယ်တိုင်လည်း ဝါသနာပါတယ်။ ဒါကြောင့် အမြဲတမ်း ပါဖြစ်တယ်။ အားကစားလည်း လုပ်ဖြစ်တယ်။ ငယ်ငယ်ကဆို ဘောလုံးကန်တယ်။ ထုပ်ဆီးတိုးတယ်။ တခြား အားကစားတွေလည်း လုပ်ဖြစ်တယ်” လို့ အလှမယ် ဟန်လေးက ဆိုပါတယ်။
■ အနုပညာအလုပ်တွေ စလုပ်ဖြစ်ပုံ
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန် မန္တလေးကို ပြောင်းလာတဲ့အခါမှာတော့ အလှဓာတ်ပုံတွေစပြီး ရိုက်ဖြစ်လာသလို ဟန်လေးရဲ့အလှပုံတွေနဲ့ တွဲပြီးတော့လည်း လူသိများလာတယ်လို့ဆိုပါတယ်။ ဒီနောက်မှာတော့ ပထမဆုံး ပြိုင်ပွဲအနေနဲ့ Miss Universe Mandalay 2015 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာတော့ Winner ဆုကို ရရှိခဲ့ပါတယ်။
“ဟန်လေး ပြိုင်ပွဲဝင်ပြိုင်တုန်းကတော့ အပျော်သဘောလောက်ပဲ ပြိုင်ဖြစ်တာပါ။ ဒါပေမဲ့ တကယ်တမ်း ယှဉ်ပြိုင်ချိန်မှာတော့ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပြီး ယှဉ်ပြိုင်ခဲ့တယ်။ အဲဒါကြောင့်ပဲ ကံကောင်းခြင်းတွေ ဟန်လေးဆီ ရောက်လာတယ်လို့ ခံစားမိပါတယ်” လို့ ပြိုင်ပွဲအတွေ့အကြုံနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။
■ Miss Universe Myanmar 2016 ယှဉ်ပြိုင်ခဲ့မှု အတွေ့အကြုံ
မန္တလေးကိုယ်စားပြု အလှမယ်ဟန်လေးက Miss Universe Myanmar 2016 ပြိုင်ပွဲအတွေ့အကြုံနဲ့ ပတ်သက်လို့တော့ ပျော်ရွှင်စရာ အမှတ်တရတွေ များခဲ့ပြီး ပြိုင်ပွဲဝင်အချင်းချင်း ရင်းနှီးချစ်ခင်စွာ တွေ့ဆုံ ခွင့်ရတာကြောင့် ပိုပြီးပျော်ရွှင်ရပါတယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲမှာ ကြုံရတဲ့ အခက်အခဲကတော့ ရန်ကုန်မှာ နေသားမကျတဲ့အတွက် အခက်အခဲပါပဲလို့ ဆိုပါတယ်။ ရန်ကုန်က အစားအသောက်တွေနဲ့လည်း အရမ်းမရင်းနှီးတာကြောင့် စခန်းသွင်းကာလအတွင်းမှာကို သိသာစွာ ပိန်သွားခဲ့ပါတယ်လို့ ဟန်လေးက ဆိုပါသေးတယ်။ အလှမယ်ဟန်လေးက နောက်ဆုံးအဆင့် နှစ်ဦး ရွေးချယ်ခဲ့တဲ့အထိ ပါဝင်ခဲ့ပြီး 1st runner up ဆုနဲ့ ကျေနပ်ခဲ့ရပါ တယ်။ ပရိသတ်တွေ မျှော်လင့်ခဲ့ တဲ့ Winner ဆုနဲ့ လွဲချော်ခဲ့တဲ့ ခံစားမှုနဲ့ ပတ်သက်လို့တော့ “ဟန်လေးက နဂိုကတည်းကလည်း Winner ဆုရရမယ်လို့ မတွေးထားပါဘူး။ စင်ပေါ်မှာ နောက်ဆုံးနှစ်ယောက် ရွေးခံလိုက်ရတဲ့ အချိန်မှာတော့ အရမ်းကြီး ဆုရချင်တာမျိုး မဖြစ်ဘူး။ တကယ်တမ်း ရသွားခဲ့ရင်လည်း မြန်မာစလွယ် လွယ်ခွင့်ရပြီဆိုရင် အရမ်းတာဝန်ကြီးမှာလေ။ စိတ်ဖိစီးမှုတွေလည်း ထပ်များမှာပဲလေ။ အဲဒီတော့ ဆုရရ မရရကတော့ ကောင်းပါတယ်လို့ပဲ တွေးထားတာပါ။ စိတ်မကောင်းတာ တစ်ခုကတော့ ကိုယ့်ကိုရစေချင်ပြီး လွဲသွားတဲ့အတွက် ပရိသတ်တွေအတွက် စိတ်မကောင်းပါဘူး”လို့ ပြောပြခဲ့ပါတယ်။
■ အနုပညာ လှုပ်ရှားမှုတွေ လုပ်ဖြစ်နေတဲ့ ဟန်လေး
ဟန်လေးက Miss Universe Myanmar 2016 ပြိုင်ပွဲအပြီးမှာ ကြော်ငြာရိုက်ကူး မှုနဲ့ အလှဓာတ်ပုံ ရိုက်ကူးမှုတွေ ဆက်လက် ပြုလုပ်ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့လည်း ဝါသနာပါပြီး လက်တွဲ ခေါ်ယူမယ့် သူမျိုးရှိရင်တော့ သရုပ်ဆောင်အလုပ်ကိုလည်း ဆက်လုပ် ဖြစ်မှာပါလို့ ဟန်လေးက ဆိုပါတယ်။
■ ဒုတိယအကြိမ်ပြုလုပ်မယ့် Miss Universe Mandalay ပြိုင်ပွဲဝင်တွေကို အားပေးချင်တာက
Miss Universe Mandalay ပြိုင်ပွဲဝင်ကြမယ့် သူတွေအတွက် အလှမယ် ဟန်လေးက အကောင်းဆုံး ကြိုးစားဖို့နဲ့ ဆုနဲ့ပတ်သက်လို့ အများကြီး ကြိုတွေးမထားဘဲ အကောင်းဆုံး ကြိုးစားဖို့သာ အဓိကပါလို့ ဆိုပါတယ်။ ဆန်ခါတင် ပြိုင်ပွဲဝင်အဖြစ် ရွေးချယ်ခံရပြီ ဆိုကတည်းက တန်ဖိုးရှိတဲ့ လေ့ကျင့်မှုတွေ၊ အတွေ့အကြုံကောင်းတွေ အများကြီးရနိုင်တာကြောင့် ဆုရခြင်း မရခြင်းထက် အတွေ့အကြုံကောင်းတွေက ပိုပြိးတန်ဖိုးရှိပါတယ်လို့လည်း ဆိုခဲ့ပါသေးတယ်။
■ အနုပညာနဲ့ ပတ်သက်လို့ ခံယူချက်
အလှမယ်ဟန်လေးက အနုပညာနဲ့ ပတ်သက်လို့ လုပ်လို့ရတဲ့ နေရာမှာ အကောင်းဆုံး ကြိုးစားဖို့သာ အမြဲစဉ်းစားပြီး စိတ်ကို တင်းတင်းကျပ်ကျပ်ထားတာမျိုးတွေ မလုပ်ပါဘူးလို့ ဆိုပါတယ်။ စိတ်ပျော်ရွှင်ဖို့ အဓိကထားလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ တတ်နိုင်သလောက် ကြိုးစားရတာကို သဘောကျတယ်လို့လည်း ဟန်လေးက ရှင်းပြခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
