ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က စတာလင်ကဲ့သို့ ထိပ်တန်းကစားသမားများကို ထပ်မံခေါ်ယူနိုင်ခြင်းမရှိပါက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အခွင့်အရေးမရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
သောမတ်စ်တူဟယ်လ်သည် နာပိုလီနောက်ခံလူ ကူလီဘလီအား သဘောတူညီမှု ရယူပြီးချိန်မှာပင် ယင်းသို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
Sky Sports နှင့် တွေ့ဆုံရာတွင် တူဟယ်လ်က '' လောင်းကြေးတွေက မြင့်မားပါတယ်။ ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ်မှာ အမြဲကစားနေတဲ့ အကောင်းဆုံးအသင်းတွေကိုသာမက အကောင်းဆုံးနည်းပြတွေကိုလည်း မယှဉ်ပြိုင်နိုင်ပါဘူး။ ကျွန်တော်တို့က အရေးယူခံရတဲ့အခြေအနေကနေ လာတာပါ။ အဓိက ကစားသမား၊ ထိပ်တန်းကစားသမားတွေကို ဆုံးရှုံးထားတဲ့ အခြေအနေကနေ လာတာပါ။ ကျွန်တော်တို့က ပိုင်ရှင်အပြောင်းအလဲဖြစ်ထားတဲ့အသင်းတစ်သင်းပါ။ ကျွန်တော်တို့က အပြောင်းအရွှေ့ပြိုင်ဆိုင်မှုရဲ့ နောက်မှာဖြစ်ပြီး အမှတ်ပေးဇယားမှာလည်း နောက်မှာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ တိုးတက်ဖို့ လိုပါတယ်။ စတာလင်ကို ခေါ်ယူလိုက်တာက ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းကိုရော အသင်းပိုင်ရှင်နဲ့ အသင်းက ဘယ်လိုရည်မှန်းထားတယ်ဆိုတာကိုလည်း ပြသရာရောက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရည်အသွေးရှိတဲ့ ကစားသမားသစ်တွေ ထပ်ခေါ် ဖို့ လိုအပ်ပါတယ်။ အဲဒီလို မလုပ်နိုင်ရင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အခွင့်အရေးမရှိနိုင်ပါဘူး''ဟု ပြောကြားခဲ့သည်။
သောမတ်စ်တူဟယ်လ်သည် ကူလီဘလီကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်သော်လည်း ဗဟိုခံစစ်သမားနှစ်ဦးကို ထပ်မံခေါ်ယူရန် စီစဉ်နေဆဲဖြစ်ပြီး ခံစစ်ပိုင်းကို အဓိကပြင်ဆင်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
