ချယ်လ်ဆီးအသင်းသည် နာပိုလီအသင်းမှ ဆီနီဂေါ နောက်ခံလူ ကူလီဘလီအား ခေါ်ယူနိုင်ခဲ့ပြီးနောက် ဆီနီဂေါကစားသမားနှစ်ဦးကို တစ်ပြိုင်နက်ပိုင်ဆိုင်ခြင်းမှာ အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ကူလီဘလီ(၃၁ နှစ်)ကို ပေါင်(၃၃)သန်းဖြင့် ခေါ်ယူခဲ့ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီတွင် ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ထွက်ခွာသွားသည့် ရူဒီဂါနှင့် ခရစ္စတန်ဆင်တို့နေရာတွင် အစားထိုးရန်အတွက် ကူလီဘလီကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့သည်။
ကူလီဘလီအနေဖြင့် ချယ်လ်ဆီးအသင်း၌ တစ်နှစ်လစာ ပေါင် (၈.၅) သန်းရရှိမည်ဖြစ်ပြီး ရာသီကြိုခြေစမ်းခရီးစဉ်သွားရောက်နေသည့် အမေရိကသို့ အတူလိုက်ပါသွားပြီ ဖြစ်ကြောင်း သိရသည်။
"ဒီနေရာမှာ ချယ်လ်ဆီးအသင်းနဲ့အတူ ရှိခွေင့်ရတာ ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီကလပ်က ကမ္ဘာ့ထိပ်တန်းအသင်းဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ဆိုတာ ကျွန်တော်အမြဲမက်ခဲ့ရတဲ့ အိပ်မက်ပါ။ ချယ်လ်ဆီးအသင်းက ၂၀၁၆ မှာကတည်းက ကျွန်တော့်ကိုခေါ်ယူဖို့ ပထမဆုံး ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အခု သူတို့ဆီက ကမ်းလှမ်းမှုရလာတဲ့အခါ ကျွန်တော်လက်ခံလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပရီးမီးယားလိဂ်ကိုလာပြီး သူတို့အတွက် တကယ်ကစားပေးစေချင်နေလို့ပါ။ ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတွေဖြစ်တဲ့ အီဒူ(မန်ဒီ)၊ ဂျော်ဂျင်ဟိုတို့နဲ့ စကားပြောဖြစ်တော့လည်း သူတို့တွေက ကျွန်တော့်ရဲ့ရွေးချယ်မှုကို ပိုပြီးလွယ်ကူသွားစေပါတယ်။ ဒီနေ့မှာ သူတို့နဲ့အတူ ရှိနေခွင့်ရလို့ ကျွန်တော် တကယ်ပျော်ပါတယ်။ ပရိသတ်တွေကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဒီအသင်းမှာရှိနေမှာကို ပျော်ရွှင်နေကြတဲ့သူတွေကို လေယာဉ်ပေါ်မှာရော လန်ဒန်မြို့မှာပါ အများကြီးတွေ့ ခဲ့ရလို့ပါ။ ဒါကြောင့် သူတို့ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ လာမယ့်ရာသီက ကောင်းမွန်တဲ့ရာသီတစ်ခုဖြစ်ပြီး ပရိသတ်တွေအတွက် ကောင်းမွန်တဲ့ အခိုက်အတန့်တချို့ ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ကူလီဘလီမတိုင်မီက ဆီနီဂေါဂိုးသမား မန်ဒီကို ပိုင်ဆိုင်ထားသောကြောင့် ယခုအခါ ဆီနီဂေါကစားသမားနှစ်ဦးကို သမိုင်းတစ်လျှောက်ပထမဆုံးအဖြစ် တစ်ပြိုင်နက်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
