မန်ယူနည်းပြ တန်ဟက်ဂ်သည် ၎င်း၏ နံပါတ်(၁)ပစ်မှတ်အဖြစ် သတ်မှတ်ထားသော ဘာစီလိုနာကွင်းလယ်လူ ဒီယွန်းကို ခေါ်ယူနိုင်ရန်အတွက် အပြောင်းအရွှေ့နောက်ဆုံးနေ့အထိ စောင့်ဆိုင်းသွားလိမ့်မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
တန်ဟက်ဂ်သည် အေဂျက်စ်အသင်းမှ ကစားသမားများကိုသာမက အေဂျက်စ်ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဒီယွန်းကိုလည်း မန်ယူအသင်းသို့ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း ဒီယွန်းက ဘာစီလိုနာအသင်းမှ ထွက်ခွာလိုခြင်းမရှိပေ။
ထို့ကြောင့် ပြောင်းရွှေ့ကြေးနှင့်ပတ်သက်၍ မန်ယူနှင့် ဘာစီလိုနာအသင်းတို့ သဘောတူညီမှုရရှိခဲ့သော်လည်း အပြောင်းအရွှေ့မဖြစ်မြောက်ဘဲ ရပ်တန့်သွားခဲ့ရသည်။
သို့ရာတွင် တန်ဟက်ဂ်သည် ဒီယွန်းအား ခေါ်ယူလိုသည့် အစီအစဉ်ကို လွယ်လွယ်လက်လျှော့မည်မဟုတ်ဘဲ အပြောင်းအရွှေ့နောက်ဆုံးနေ့အထိ စောင့်ဆိုင်းကြိုးစားသွားလိမ့်မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက သုံးသပ်ခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းက ဘဏ္ဍာရေးအခက်အခဲရှိနေခြင်းကြောင့် ဒီယွန်းကို ရောင်းထုတ်လိမ့်မည်ဟု ထင်ကြေးပေးမှုများလည်းရှိနေသည့်အတွက် အပြောင်းအရွှေ့ဈေး ကွက်ပိတ်သိမ်းချိန်အထိ တန်ဟက်ဂ်က စောင့်ဆိုင်းသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
တန်ဟက်ဂ်သည် အေဂျက်စ်တိုက်စစ်မှူး အန်တိုနီကိုလည်း ခေါ်ယူရန် ကြိုးပမ်းနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
