Top News

ဆုဖလားများ ထပ်မံရယူရန်အတွက် မန်စီးတီးနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု ရိုဒရီ ဖွင့်ဟ
24htopnews | December 3, 2024 12:13 AM CST

 

မန်စီးတီးကွင်းလယ်လူ ရိုဒရီသည် ဆုဖလားများ ထပ်မံရယူရန်အတွက် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ယခုနွေရာသီတွင် လိဒ်စ်အသင်းမှ အင်္ဂလန်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်အား ခေါ်ယူထားသော်လည်း အသင်းကွင်းလယ်လူ ရိုဒရီကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိစာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

ရိုဒရီက "၂၀၁၉ မှာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာဟာ ကျွန်တော့်ကစားသမားဘဝမှာ အကောင်းဆုံးဆုံးဖြတ်ချက်ပါပဲ။ အခုလည်း မန်စီးတီးအသင်းက ကျွန်တော့်ကို ဆုဖလားတွေ ပိုပြီးဆွတ်ခူးနိုင်ဖို့ အခွင့်အရေးပေးတယ်လို့ ခံစားရပါတယ်။ မန်စီးတီးအသင်းမှာ အကြာကြီးဆက်နေခွင့်ရတဲ့အတွက် အလွန်ပျော်ပါတယ်"ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK