ဗြိတိန်သို့ လူကုန်ကူးခြင်းခံခဲ့ရသည့် နာမည်ကျော် တာဝေးအပြေးသမား မိုဖာရာကို ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနမှ အရေးယူမည်မဟုတ်ကြောင်း သိရသည်။ ယင်းဆုံးဖြတ်ချက်ကြောင့် မိုဖာရာက ၎င်းအနေဖြင့် စိတ်သက်သာရာ ရစေခဲ့သည်ဟုလည်း ဝန်ခံခဲ့သည်။
ကလေးဘဝတွင် ဗြိတိန်သို့ လူကုန်ကူးခြင်းခံခဲ့ရပြီး အိမ်စေအဖြစ်လုပ်ကိုင်ရန် အတင်းအကျပ်ဖိအားပေးခြင်း ခံခဲ့ရသည်ဟု အိုလံပစ်ကြယ်ပွင့် မိုဖာရာက ဇူလိုင်လ(၁၁) ရက်တွင် BBC သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မိုဖာရာက ဂျီဘူတီမှတစ်ဆင့် ဗြိတိန်သို့ ရောက်ရှိလာကာ မိုဟာမက်ဖာရာဆိုသည့်အမည်ကိုလည်း ၎င်းကို ခေါ် ဆောင်လာသည့်သူများကပင် ပေးခဲ့ခြင်းဖြစ်ပြီး ၎င်း၏အမည်ရင်းမှာ ဟူစိန်အက်ဒီခါဟင်ဖြစ်သည်ဟု ဝန်ခံခဲ့သည်။
မိုဖာရာကို သူနှင့်သိကျွမ်းဖူးခြင်း အမျိုးသမီးကြီး တစ်ဦးမှ ခေါ်ဆောင်လာခြင်းဖြစ်ပြီး အခြားမိသားစုတစ်ခု၏ကလေးများကို ကြည့်ရှုစောင့်ရှောက်ရန်အတွက် စေခိုင်းခံခဲ့ရကြောင်း သိရသည်။ ယခင်က မိုဖာရာသည် သူ၏ဘဝနှင့်ပတ်သက်ပြီး မိဘနှစ်ပါးနှင့်အတူ ဒုက္ခသည်အဖြစ် ဆိုမာလီမှ ဗြိတိန်သို့ရောက်ရှိလာခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ မိုဖာရာသည် ၂၀၀၀ ပြည့်နှစ် ဇွန် လတွင် ဗြိတိန်နိုင်ငံသားခံယူခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
ဆာဘွဲ့ရ မိုဖာရာ၏ တရားမဝင်အမည်ပြောင်းလဲခြင်းကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည် မဟုတ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက BBC News သို့ ဖြေကြားခဲ့သည်။ "ဒီဆုံးဖြတ်ချက်က ကျွန်တော့်ကို စိတ်သက်သာရာရစေပါတယ်။ ဒီတိုင်းပြည်က ကျွန်တော့်တိုင်းပြည်ပါ။ ကျွန်တော်ကလေးဘဝတုန်းက အလန်(PEဆရာ)နဲ့ တခြားသူတွေသာ ထောက်ပံ့အားပေးမှုမရှိရင် အခုလို ရဲရင့်ပြီး ယုံကြည်ချက်ရှိတဲ့အနေအထားမျိုး ရောက်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော့်ဘဝမှာ အကြေးွတင်ထားသူတွေ အများကြီးပါ။ အထူးသဖြင့် ကျွန်တော့်ဇနီးပေါ့။ သူက ကျွန်တော့်ဘဝတစ်လျှောက်လုံး အရမ်းကူညီခဲ့တယ်။ ကျွန်တော့်ကို စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ပြောရဲဆိုရဲရှိလာအောင်လည်း ဆောင်ကြဉ်းပေးခဲ့ပါတယ်"ဟု မိုဖာရာက BBC Radio 4သို့ ပြောကြားခဲ့ သည်။
မိုဖာရာသည် လူကုန်ကူးခံခဲ့ရကြောင်း ဖွင့်ချခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းမှ ထောက်ခံအားပေးသည့် သတင်းစကားများစွာ ရရှိခဲ့ပြီး မယုံကြည်နိုင်စရာကောင်းသည်ဟုလည်း ဝန်ခံခဲ့သည်။ မိုဖာရာကို လန်ဒန်သို့ခေါ်ဆောင်ခဲ့သည့် BBC မှ ဆက်သွယ်မေးမြန်းသော်လည်း ၎င်းကတုံ့ပြန်ခြင်းမရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
