Top News

အက်သလက်တီကို-ချယ်လ်ဆီး ချန်ပီယံလိဂ် ပထမအကျော့ပွဲကို ဘူခါရက်စ်မြို့တွင် ကစားရမည်
24htopnews | December 3, 2024 2:12 AM CST

အက်သလက်တီကိုအသင်းနှင့် ချယ်လ် ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ပွဲကို ရိုမေးနီးယားနိုင်ငံ ဘူခါရက်စ်မြို့၌ ပြောင်းလဲ ကစားရမည်ဖြစ်ကြောင်း သိရသည်။

    

စပိန်အစိုးရက ဗြိတိန်၊ ဘရာဇီးလ်နှင့် အာဖရိကတောင်ပိုင်းမှ လာရောက်မည့် လေကြောင်းခရီးစဉ်များ ပိတ်ပင်ထားခြင်းကို မတ် (၂) ရက်အထိ တိုးမြှင့်ခဲ့သောကြောင့် ချန်ပီယံလိဂ်ပွဲကို ကြားကွင်း၌ သွားရောက်ကစားရခြင်း ဖြစ်သည်။

ယင်းပွဲကို ဖေဖော်ဝါရီ (၂၃) ရက်တွင် ရိုမေးနီးယားနိုင်ငံ ဘူခါရက်စ်မြို့ရှိ Arena Nationala ကွင်း၌ ကျင်းပမည်ဖြစ်သည်။

ဒုတိယအကျော့ပွဲစဉ်ကိုမူ မတ် (၁၇) ရက်တွင် လန်ဒန်မြို့ရှိ ချယ်လ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ချ်၌ ကစားရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် မန်စီးတီး၊ လီဗာပူးလ်၊ မန်ယူနှင့် အာဆင်နယ်အသင်းတို့၏ ဥရောပပွဲများကိုလည်း ကြားကွင်း၌ သွားရောက်ကစားရမည်ဖြစ်သည်။


READ NEXT
Cancel OK