ဩစတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ၏ အမျိုးသမီးတစ်ဦးချင်း လက်ရှိချန်ပီယံ အမေရိကန်တင်းနစ်မယ် ဆိုဖီယာကန်နင်သည် ဒုတိယအဆင့်တွင် ရှုံးပွဲကြုံတွေ့သဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရကြောင်း သိရသည်။
ကမ္ဘာ့အဆင့် (၄) ကစားသမားဖြစ်သူ ကန်နင် (ဆီဒင် ၄) သည် ဒုတိယအဆင့်ပွဲစဉ်တွင် အက်စ်တိုးနီးယားနိုင်ငံသူ ကန်နေပီ (ဆီဒင်မဲ့) နှင့် ယှဉ်ပြိုင်ကစားရာ ၃-၆၊ ၂-၆ ဖြင့် (၂)ပွဲပြတ် ရှုံးနိမ့်ခဲ့သည်။
ယခုပြိုင်ပွဲမတိုင်ခင်ကတည်းက ပေါင်ခြံဒဏ်ရာပြဿနာရှိနေသည့် ကန်နင်သည် Unforced Error ရိုက်ချက် (၂၂) ကြိမ်အထိရှိခဲ့သလို ပြိုင်ဘက်ကစားသမား ကန်နေပီကလည်း Aces ရိုက်ချက် (၁၀) ကြိမ် ရရှိကာ ပုံစံကောင်းပြနိုင်ခဲ့သောကြောင့် (၂)ပွဲပြတ် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
ကန်နင်အနေဖြင့် ဒုတိယအဆင့်မှထွက်ခဲ့ရသောကြောင့် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း ဩစတြေးလျအိုးပင်း တတိယအဆင့်သို့ တက်ရောက်နိုင်ခြင်းမရှိသည့် တတိယမြောက် လက်ရှိချန်ပီယံအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။
"ကျွန်မက ဖိအားဒဏ်ကို မခံနိုင်ဘူးဆိုတာ သိပါတယ်။ ဒါကိုကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အတွေ့အကြုံလည်းမရှိပါဘူး။ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာအပြင် ကစားပွဲထဲမှာလည်း ကျွန်မအနေနဲ့ (၁ဝဝ) ရာခိုင်နှုန်းအခြေအနေ ရှိမနေဘူးလို့ ခံစားမိပါတယ်။ ဘာမှမရှိတော့သလို ခံစားနေရပါတယ်။ ဒီခံစားမှုက သိပ်မကောင်းပါဘူး"ဟု ကန်နင်က ပွဲအပြီးတွင် မျက်ရည်များဖြင့် ပြောကြားခဲ့သည်။
ကန်နင်သည် ဩစတြေးလျအိုးပင်း ဒုတိယအဆင့်မှထွက်ရသည့် ဆီဒင်ထိပ်ဆုံး (၁၀) ဦးစာရင်းဝင် ကစားသမားများအနက် (၃) ဦးမြောက်ဖြစ်လာပြီး ၂၀၁၉ ယူအက်စ်အိုးပင်းချန်ပီယံ အန်ဒရီယက်စကူး (ဆီဒင် ၈) နှင့် ၂၀၁၁၊ ၂၀၁၄ ဝင်ဘယ်လ်ဒန်ချန်ပီယံ ခီဗီတိုဗာ (ဆီဒင် ၉) မှာလည်း ထွက်ခဲ့ရပြီဖြစ်သည်။ အမျိုးသားပြိုင်ပွဲတွင်မူ လက်ရှိချန်ပီယံ ဂျိုကိုဗစ် (ဆီဒင် ၁) အပါအဝင် နာမည်ကြီး ကစားသမားအများစု တတိယအဆင့်တက် ရောက်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
