လူမှုမီဒီယာများတွင် ပရီးမီးယားလိဂ်ဘောလုံးသမားများအား ပစ်မှတ်ထား၍ လူမျိုးရေးခွဲခြားတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိ သောကြောင့် ယင်းကဲ့သို့ ပြုလုပ်သူများအား Account အပြီးပိတ်ပစ်ခြင်းအပါအဝင် ပုံစံ သစ်ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း Instagram ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။
မန်ယူအသင်း ကစားသမားများဖြစ်သည့် ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်နှင့် တွမ်ဇီဘီ၊ ချယ်လ်ဆီးအသင်းနောက်ခံလူ ရီးစ်ဂျိမ်းစ်နှင့် ၎င်း၏ညီမဖြစ်သူ မန်ယူအမျိုးသမီးအသင်းတိုက်စစ်မှူး လောရန်ဂျိမ်းစ်တို့ မကြာသေးမီ ရက်သတ္တပတ်များအတွင်း လူမျိုးရေးခွဲခြားမှုခံခဲ့ရသဖြင့် ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။
ဗြိတိန်အစိုးရကလည်း ယင်းဖြစ်ရပ်များကို အရေးယူရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ကို တိုက်တွန်းထားပြီး လူမှုမီဒီယာကုမ္ပဏီများအနေဖြင့် အွန်လိုင်းအလွဲသုံးစားပြုမှုများအား ကိုင်တွယ်ဖြေရှင်နိုင်ခြင်းမရှိပါက ပေါင်ဘီလီယံနှင့်ချီသည့် ဒဏ်ကြေးချမှတ်ခံရနိုင်ကြောင်း FA က သတိပေးထားသည်။
ထို့ကြောင့် Instagram ၏ ပင်မကုမ္ပဏီဖြစ်သည့် Facebook ၏ အကြောင်းအရာမူဝါဒ ပိုင်းဆိုင်ရာ မန်နေဂျာဖြစ်သူ မက်ဇင်ဂီရာက ဗြိတိန်အခြေစိုက် Press Association သတင်းဌာနနှင့်တွေ့ဆုံစဉ် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဘောလုံးသမားတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်နေကြတာက တော်တော်လေးထိတ် လန့်စရာကောင်းပါတယ်။ အခုလောလောဆယ်မှာ ကျွန်မတို့အနေနဲ့ တစ်စုံတစ်ဦးက စည်းမျဉ်းချိုးဖောက်တဲ့အခါ အချိန်ပိုင်းအသုံးပြုခွင့်တားမြစ်ခြင်း ဒါမှမဟုတ် အကန့်အသတ် နဲ့ ပိတ်ပစ်ခြင်းစတာတွေ လုပ်နေပါတယ်။ သူတို့အနေနဲ့ အဲဒီလိုဆက်လုပ်နေဦးမယ် ပိတ်ပင်တဲ့အချိန်ကိုလည်း တိုးမြှင့်ရမှာပါ။ ဒီနေ့ ကျွန်မတို့ကြေညာမှာက Instagram ရဲ့ မက်ဆေ့ချ်တွေမှာ စည်းမျဉ်းချိုးဖောက်သူတွေကို ပိုပြီးပြင်းထန်တဲ့အရေးယူမှုတွေ လုပ်သွားမယ် ဆိုတာပါပဲ။ အချိန်တိုးမြှင့်ပိတ်ပင်တာအပြင် သူတို့ရဲ့ Account တွေကိုပါ ဖယ်ရှားပစ်မှာပါ။ ဒါဟာ မက်ဆေ့ချ်တွေမှာပါ အလွဲသုံးစားပြုမှုကို ခွင့်လွှတ်မပေးနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ တခြားပလက်ဖောင်းတွေထက် Instagram ရဲ့ မက်ဆေ့ချ်တွေမှာ ကျူး လွန်သူတွေကို ပိုပြီးမြန်မြန်ဆန်ဆန်ပိတ်ပစ်မှာပါ"ဟု မက်ဇင်ဂီရာကက ပြောကြားခဲ့သည်။
FA ဥက္ကဋ္ဌတစ်ဦးဖြစ်သည့် ဗြိတိန်တော်ဝင်မင်းသား ဝီလျံကလည်း လူမျိုးရေးခွဲခြားမှုနှင့်ပတ်သက်၍ "လူမျိုးရေးခွဲခြားမှုဆိုတာ ကွင်းထဲမှာဖြစ်ဖြစ်၊ ပွဲကြည့်စင်ပေါ်နဲ့ လူမှုမီဒီယာမှာဖြစ်ဖြစ် ဘယ်နေရာမှာလုပ်သည်ဖြစ်စေ အဲဒါက စက်ဆုပ်စရာကောင်းတဲ့လုပ်ရပ်ပါ။ ဒီလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ လိုပါတယ်။ လူမျိုးရေးခွဲခြားမှုဆိုတာ ခွင့်လွှတ်နိုင်စရာမရှိတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ် လာအောင် ဖန်တီးဖို့အတွက် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ဗြိတိန်ဘောလုံး လောကမှာ လူမျိုးရေးခွဲခြားမှုကို လုံးဝလက်မခံနိုင်ပါဘူး"ဟု ဇန်နဝါရီလကုန်ပိုင်းတွင် ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
