Top News

အသင်းဟောင်း ဘာစီလိုနာနှင့်ပွဲမတိုင်မီ PSG တိုက်စစ်မှူး နေမာ ပေါင်ဒဏ်ရာရရှိ
24htopnews | December 3, 2024 2:12 AM CST

PSG  အသင်းတိုက်စစ်မှူး နေမာသည် အသင်းဟောင်း ဘာစီလိုနာနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲမတိုင်မီ ပြင်သစ်ဖလားပြိုင်ပွဲ တွင် ပေါင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နေမာသည် ပြင်သစ်ဖလား (၃၂) သင်း အဆင့်အဖြစ် ဗုဒ္ဓဟူးနေ့က ဒုတိယတန်းကလပ် ကိန်းအသင်းနှင့်ကစားသည့်ပွဲ၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်း (၅၇) မိနစ် တွင် လူစားလဲခဲ့ရသည်။

ယင်းပွဲတွင် မာကွင်ဟို့စ်နှင့် ကင်ပမ်ဘီတို့ မပါဝင်သဖြင့် နေမာက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပြီး (၃)မိနစ်အတွင်း ပြစ်ဒဏ်ဘော (၂)ကြိမ် ကျူးလွန်ခံရသဖြင့် ဘာပေ လူစားဝင်လာချိန် အထိမစောင့်ဘဲ အဝတ်လဲခန်းအတွင်း ဝင်သွားခဲ့ကြောင်း သိရသည်။

၎င်း၏ဒဏ်ရာ အခြေအနေနှင့်ပတ်သက်၍ PSG  အသင်းနည်းပြ ပိုချက်တီနိုက "သူက ပေါင်မှာနာကျင်မှု ခံစားနေရတာပါ။  ပြိုင်ဘက်အသင်းရဲ့ကစားပုံကိုတော့ မပြောလိုပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ ပွဲကစားနေစဉ်မှာ ကာကွယ်ပေးမှုသိပ်မရဘူးလို့ ခံစားခဲ့ရတယ်။ ဒီလိုဖြစ်တာ ဒီတစ်ပွဲတည်းတော့ မဟုတ်ပါဘူး။ လာမယ့်တစ်ပတ် (ဘာစီလိုနာနှင့်ပွဲ) မှာ သူကစားနိုင်မလားဆိုတာကတော့ ကျွန်တော့်အတွက် သတင်းအချက်အလက် တွေပိုသိရဖို့ လိုပါသေးတယ်။ ပေါင်ကြွက်သား ထိခိုက်မိတာပါ"ဟု ပြောကြားခဲ့သည်။

အသက် (၂၉)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ယခုရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲတွင် (၁၃)ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု (၆)ကြိမ် ပြုလုပ်ပေးထားသည်။


READ NEXT
Cancel OK