မန်စီးတီးအသင်း၏ ကွင်းလယ်လူ ဒီဘရိုင်းနားသည် မန်စီးတီးအသင်းက ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် ကမ်းလှမ်းရာတွင် လက်ရှိ စာချုပ်ထက်ပင် လစာလျော့နည်းနေခြင်းကြောင့် အံ့ဩစိတ်ပျက်လျက်ရှိကြောင်း သတင်းများထွက်ပေါ်လျက် ရှိသည်။
မန်စီးတီးအသင်းနှင့် ဒီဘရိုင်းနားတို့သည် စာချုပ်သစ်ချုပ်ဆိုရန်အတွက် မူအားဖြင့် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အသေးစိတ် ဆွေးနွေးမှုများပြုလုပ်ရာတွင် မန်စီးတီးအသင်းသည် လစာငွေ လျှော့ချ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
The Athletic သတင်းစာ၏ ဖော်ပြမှုအရ ဒီဘရိုင်းနားသည် သူ၏ မကျေနပ်ချက်ကို ဘယ်လ်ဂျီယံလက်ရွေးစင် အသင်းဖော်အချို့အား ဖွင့်ဟခဲ့ပြီး ယင်းကမ်းလှမ်းမှုအတိုင်းဆိုပါက စာချုပ်သစ်ချုပ်ဆိုရန် လက်ခံဖွယ်မရှိကြောင်းလည်း သိရှိရသည်။
မန်စီးတီးအသင်းသည် လာမည့်နွေရာသီတွင် ဘာစီလိုနာအသင်းထံမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရရှိထားသည့် မက်ဆီကို ခေါ်ယူရန် အတွက် အသင်း၏အသုံးစရိတ်ကို လျှော့ချရန် ပြင်ဆင်နေခြင်းကြောင်း သိရသည်။
ထို့ကြောင့် မန်စီးတီးအသင်းသည် လစာငွေမြင့်မားပြီးသားဖြစ်သည့် ဒီဘရိုင်းနားတို့ကဲ့သို့ ကစားသမားများကို လစာအနည်းငယ် လျှော့ချခဲ့ခြင်းဖြစ်နိုင်ကြောင်း မီဒီယာများက သုံးသပ်နေကြပြီး ဒီဘရိုင်းနားကမူ သူသည် လက်ရှိရရှိနေသည့် လစာငွေထက် ပိုမိုထိုက်တန်သည်ဟု ယူဆနေကြောင်းလည်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
