မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာသည် ခရစ္စမတ်နှင့် ဆောင်းရာသီပွဲကျပ်ကာလမျိုးတွင် နိုင်ပွဲဆက်စံချိန်တစ်ခုကို တင်နိုင်ခဲ့ခြင်းအတွက် အသင်းသားများကို ချီးကျူးခဲ့ကြောင်း သိရှိရသည်။
မန်စီးတီးအသင်းသည် ဆွမ်ဆီး အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် FA ဖလားပွဲစဉ်အပြီးတွင် ပြည်တွင်းပြိုင်ပွဲစုံ၌ (၁၅)ပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့ပြီး ၁၈၉၁-၉၂ ရာသီတွင် ပရက်စတန်နှင့် ၁၉၈၇-၈၈ ရာသီတွင် အာဆင်နယ်အသင်းတို့ တင်ရှိထား သည့် (၁၄)ပွဲဆက်နိုင်ပွဲရစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
"ကျွန်တော့်ကစားသမားတွေ ဘယ်လောက်ကောင်းသလဲဆိုတာ ဒီစံချိန်က သက်သေပြပါတယ်။ ကျွန်တော်တို့ နောက်တစ်ခု စဉ်းစားရရင် စံချိန်တွေဆိုတာ တစ်ချိန်ချိန်မှာ သေချာပေါက် ကျိုးပျက်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ အားကစားမှာကတော့ ဒီလိုပါပဲ။ ဒါပေမဲ့ စံချိန်တင်နိုင် တယ်ဆိုတာကိုက အဓိပ္ပာယ်အရမ်း ရှိပါတယ်။ ဆောင်းရာသီလိုကာလမျိုးနဲ့ ခရစ္စမတ်လိုကာလမျိုးမှာ ဒီလိုစံချိန်မျိုးကို တင်နိုင်ခဲ့တယ်ဆိုတာ တကယ်မလွယ်ပါဘူး။ ဒီအချိန်တွေမှာ အခုလို စံချိန်တင်နိုင်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းဟာ တည်ငြိမ်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီအချက်က တကယ်အရေးကြီးပါတယ်"ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ရှေ့လာမည့်ပွဲစဉ်တွင် စပါးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ကစားရမည်ဖြစ်ပြီး၊ ဆွမ်ဆီးနှင့်ပွဲတွင် ရိုဒရီ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရူဘင်ဒီယက်စ်၊ ဖာနန်ဒင်ဟိုတို့နှင့်အတူ အဆိုပါပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
သို့သော် ဂွါဒီယိုလာကမူ ရိုဒရီ၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်ပြီး အတည်ပြုခြင်းမရှိသေးချေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
