အဲဗာတန်အသင်းကို ရှုံးနိမ့်ကာ FA ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် ပွဲအပြီးတွင် စပါးအသင်းနည်းပြ မော်ရင်ဟိုသည် တစ်ဦးချင်းအမှားများလွန်းသည့် အသင်းအပေါ် ပြစ်တင်ဝေဖန်မှုများပြုလုပ်ခဲ့ပြီး၊ တိုက်စစ်ကစားသည့် အသင်းတစ်သင်းသည် ကိုယ်ကျူးလွန်သည့်အမှားထက် အခွင့်အရေးများကို ပိုမိုဖန်တီးနိုင်မှသာ နိုင်ပွဲများရရှိလိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။
စပါးအသင်းသည် ယင်းပွဲတွင် ပွဲအစ (၅)မိနစ်အတွင်းသွင်းယူခဲ့သည့် ဒါဗစ်ဆန်ဆန်းချက်ဇ်၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ဦးချင်း အမှားအယွင်းများစွာဖြင့် ဂိုးများစွာ ပြန်ပေးခဲ့ရသည်။
ချေပဂိုးများ ပြန်လည်ရရှိခဲ့သော်လည်း အချိန်ပိုတွင် ဂိုးထပ်ပေးရပြီး၊ ပွဲအပြီးတွင် (၄-၅)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းလည်းဖြစ်သည်။
မော်ရင်ဟိုက "ကျွန်တော်တို့ ဘောလုံးကို ကောင်းကောင်းကိုင်ကစားနိုင်ခဲ့တယ်။ ရွေ့လျားပုံတွေ ကောင်းတယ်။ ဂိုးတွေ သွင်းတယ်။ ပွဲတစ်ပွဲအတွက် စရိုက်လက္ခဏာကောင်းတွေကိုလည်း ပြသနိုင်ခဲ့တယ်။ ဒါပေမဲ့ သွင်းဂိုးတွေဆိုတာက အမှားတွေအများကြီး မကျူးလွန်မှသာ နိုင်ပွဲဖြစ်လာစေတာပါ။ ကိုယ်ကျူးလွန်တဲ့အမှားထက် အခွင့်အရေးဖန်တီးမှုတွေကို ပိုလုပ်နိုင်မှ နိုင်ပွဲတွေရရှိတာဖြစ်ပါတယ်။ ကျွန် တော့်အသင်းကတော့ အမှားပြီးရင်း အမှား၊ အမှား၊ အမှားနဲ့ ဂိုးတွေ ပေးပြီးရင်းပေးခဲ့ရပါတယ်"ဟု ပြောကြားခဲ့သည်။
မော်ရင်ဟိုက အဲဗာတန်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ဂါရတ်ဘေးလ်အား ခေါ်ဆောင်မလာခြင်းနှင့် ပတ်သက်သည့် မေးခွန်းများကိုလည်း ဘေးလ်သည် ဒဏ်ရာပြဿနာ ကြုံတွေ့နေရခြင်းမဟုတ်သော်လည်း၊ ရာနှုန်း ပြည့် ကြံ့ခိုင်ခြင်းမရှိဘဲ လေ့ကျင့်ခန်းအချို့ ပျက်ကွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
