Top News

ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ကို ပိုချက်တီနို ဝေဖန်
24htopnews | December 3, 2024 2:12 AM CST

PSG အသင်းနည်းပြ ပိုချက်တီနိုက ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့သည် ၎င်းတို့၏ကစားသမားများအား အခြားအသင်းများက ပြောဆိုခြင်းကို မနှစ်သက်သော်လည်း ၎င်းတို့အနေဖြင့် အခြားအသင်းမှ ကစားသမားများအကြောင်းကို ပြောဆိုလေ့ရှိကြောင်း ဝေဖန်ခဲ့သည်။

PSG အသင်းက မက်ဆီကို ခေါ်ယူရန် စိတ်ဝင်စားကြောင်း ပြောဆိုမှုနှင့်ပတ်သက်ပြီး ဘာစီလိုနာနည်းပြ ရော်နယ်လ်ကိုးမန်းအပါအဝင် ဥက္ကဋ္ဌလောင်းများကပါ လေးစားမှုမရှိသည့်လုပ်ရပ်ဟု ဝေဖန်ခဲ့ကြသည်။

ယခုအခါ ပြင်သစ်နာမည်ကျော်ဘောလုံးမဂ္ဂဇင်းဖြစ်သည့် France Football က ၎င်းတို့၏မျက်နှာဖုံးတွင် PSG အသင်း၏ဂျာစီနှင့် မက်ဆီ၏ပုံကို ဖော်ပြခဲ့သည်။

ယင်းမျက်နှာဖုံးနှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ပိုချက်တီနိုက ''ဒါက France Football က လုပ်တာပါ။ PSG နဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ ဘာအမှားမှ မလုပ်ထားပါဘူး။ ရီးယဲလ်နဲ့ ဘာစီလိုနာက လူတွေပဲ တခြားအသင်းက ကစားသမားတွေအကြောင်းကို ပြောခွင့်ရှိတာပါ''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK