ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်သည် အသင်း၏စာချုပ်သစ်အတွက် ကမ်းလှမ်းမှုများကို ပယ်ချခဲ့ပြီး ယခုရာသီကုန်တွင် အသင်းပြောင်းရွှေ့ရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။
အသက် (၃၄)နှစ်အရွယ်ရှိ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်သည် ရီးယဲလ်အသင်းတွင် (၁၅)နှစ်ကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၆၆၈)ပွဲအထိ ကစားထားသူဖြစ်ပြီး ယခုရာသီကုန်တွင် ဥရောပထိပ်တန်းကလပ်တစ်သင်းသင်းသို့ ပြောင်းရွှေ့ကစားရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လျက် ရှိနေသည်။
ရီးယဲလ်အသင်းနှင့် ချုပ်ဆိုထားသည့် ရာမို့စ်၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်အသင်းက စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုများကို ရာမို့စ်ဘက်က ပယ်ချထားကြောင်း Mundo Deportivo က ဖော်ပြခဲ့သည်။
Mundo Deportivo ၏ ဖော်ပြချက်အရ ရီးယဲလ်အသင်းက ရာမို့စ်အား လက်ရှိရရှိနေသည့် တစ်နှစ်အသားတင်လစာ ပေါင် (၁၀.၅)သန်း ပေးချေကာ တစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုရန်နှင့် လက်ရှိလစာကို (၁၀)ရာခိုင်နှုန်းလျှော့ကာ (၂)နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
သို့သော် ရာမို့စ်သည် ရီးယဲလ်အသင်း၏ အဆိုပါကမ်းလှမ်းမှု(၂)ခုစလုံးကို ပယ်ချခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရီးယဲလ်အသင်းသည် ရာမို့စ်ကို အသင်းတွင် ဆက်ထိန်းရန် ကြိုးစားတော့မည်မဟုတ်ကြောင်းနှင့် ရာမို့စ်အနေဖြင့်လည်း လာမည့်နွေရာသီအပြောင်းအရွှေ့ကာလ တွင် ဥရောပထိပ်တန်းအသင်းတစ်သင်းသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် သွားရောက်ကစားရန် စီစဉ်နေကြောင်း Mundo Deportivo က ဖော်ပြခဲ့သည်။
ရာမို့စ်သည် လက်ရှိတွင် ဒူးဒဏ်ရာခွဲစိတ်ကုသမှုကြောင့် အနားယူနေရပြီး လာမည့်ဧပြီလတွင်မှ ကစားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ရာမို့စ်အား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့အပြင် ပြင်သစ်ထိပ်သီး PSG အသင်းကပါ စိတ်ဝင်စားနေကြောင်း သိရသည်။
ရာမို့စ်သည် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၆၆၈)ပွဲကစားထားပြီး ဂိုး(၁၀၀)အထိ သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
