Top News

၂၀၂၁ မှ ၂၀၂၄ ရာသီအကုန်အထိ စီးရီးအေပြိုင်ပွဲ ရုပ်သံမူပိုင်ခွင့်အား DAZN က ယူရို(၈၅၀)သန်းဖြင့် ရရှိရန် နီးစပ်
24htopnews | December 3, 2024 2:12 AM CST

ဗြိတိန်အခပေးရုပ်သံကုမ္ပဏီ DAZN သည် စီးရီးအေပြိုင်ပွဲ၏ (၃)ရာသီစာ ရုပ်သံမူပိုင်ခွင့်အား ယူရိုသန်း (၈၅၀)ဖြင့် ရရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း အီတလီမီဒီယာများ၏အဆိုအရ သိရသည်။

DAZN ကုမ္ပဏီသည် လာမည့် ရာသီမှ ၂၀၂၃-၂၀၁၄ ရာသီအထိ ရုပ်သံမူပိုင်ခွင့်အား ယူရိုသန်း (၈၅၀) ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ထိုပမာဏမှာ  အပြိုင်ကမ်းလှမ်းသည့် Sky Sports Italia ထက် ယူရိုသန်း(၁၀၀)ခန့် ပိုသာလွန်နေသဖြင့် စီးရီးအေရုပ်သံမူပိုင်ခွင့်ကို ရရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း အီတလီမီဒီယာများစွာက ဖော်ပြခဲ့သည်။

စီးရီးအေဘက်က အတည်ပြုထုတ်ပြန်ရန်သာ ကျန်ရှိတော့သည်ဟု သိရပြီး DAZN သည် အပတ်စဉ်တိုင်း စီးရီးအေ(၁၀)ပွဲအနက် (၇)ပွဲကို ထုတ်လွှင့်ပြသခွင့် ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ဂျူဗင်တပ်စ်ဥက္ကဋ္ဌ အက်ဂ်နယ်လီက ''ကျွန်တော်တို့ဟာ အရမ်းကောင်းတဲ့ရလဒ်ကို ရရှိခဲ့ပါတယ်။ တခြားဘယ်လိဂ်ကမှ ဒီလိုရလဒ်မျိုးထွက်အောင် ညှိနှိုင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီအခွင့်အရေးမျိုးကို လွတ်မထွက်သွားအောင် ကျွန်တော်တို့ သေချာဂရုစိုက်ရပါလိမ့်မယ်''ဟု Corriere della Sera သို့ ပြောကြားခဲ့သည်။

ထို့ပြင် တိုရီနိုအသင်းဥက္ကဋ္ဌ အာဘာနိုကိုင်ရိုကလည်း ယခုစာချုပ်အတွက် ပျော်ရွှင်နေပြီး ၎င်းက ''ကျွန်တော်တို့ အရမ်းကောင်းတဲ့အလုပ်တစ်ခုကို လုပ်နိုင်ခဲ့တယ် ထင်ပါတယ်။ DAZN ရဲ့ ကမ်းလှမ်းမှုက သေသေချာချာကမ်းလှမ်းတာမျိုးပါ။ ကမ္ဘာတစ်ဝန်းမှာ ရုပ်သံမူပိုင်ခွင့်တွေ စျေးကျနေပေမဲ့ အီတလီဘောလုံးက အတက်ဘက်မှာ ရှိတယ်ဆိုတာ သက်သေပြတာပါပဲ''ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK