Top News

လေ့ကျင့်ရေးကွင်းဟောင်း မဲလ်ဝုဒ်မှ အသုံးအဆောင်ပစ္စည်း(၄၅၀)ကျော်အား ပရိသတ်များထံ လီဗာပူးလ်အသင်း လေလံဖြင့်ရောင်းချမည်
24htopnews | December 3, 2024 2:12 AM CST

လီဗာပူးလ်အသင်းသည် အသင်း၏ ယခင်လေ့ကျင့်ရေးကွင်းဖြစ်သော မဲလ်ဝုဒ်မှ အသုံးအဆောင်ပစ္စည်း (၄၅၀)ကျော်အား ပရိသတ်များထံ လေလံတင်ရောင်းချရန် စီစဉ်နေကြောင်း သိရှိရသည်။

လေလံတင်ရောင်းချမည့် ပစ္စည်းများထဲတွင် ကွင်းအတွင်းရှိ အသုံးအဆောင်ပစ္စည်းပေါင်းစုံ ပါဝင်ပြီး လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သုံးစွဲခဲ့သည့် နားကြပ်၊ အဝတ်အစားအချို့အပြင် ၎င်း၏ ပုံတူပန်းချီကားတစ်ချပ်လည်း ပါဝင်ကြောင်း သိရသည်။

ပစ္စည်းအချို့၏ ကြမ်းခင်းစျေးမှာ ပေါင်(၃၀)ခန့်ဖြင့်သာ စတင်မည်ဖြစ်ပြီး ကလပ်အသင်း၏ဆုတံဆိပ်မှတ်တမ်းရေးထိုးထားသော နံရံမှာမူ ပေါင် (၁၅၀၀၀)ခန့် ရရှိမည်ဟု တာဝန်ရှိသူများက မျှော်လင့်ထားသည်။

မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းအတွင်းရှိ ပရိဘောဂပစ္စည်းများပါ ပါဝင်မည့် ယင်းလေလံပွဲမှ ဝင်ငွေပေါင်(၂)သိန်းခန့် ရရှိရန် လီဗာပူးလ်အသင်းက မျှော်လင့်ထားကြောင်း သိရသည်။

မတ်လ(၂)ရက်နေ့တွင်ပြုလုပ်မည့် ယင်းလေလံပွဲမှရရှိမည့် ငွေကြေးအချို့ကို ရန်ပုံငွေအဖွဲ့များမှတစ်ဆင့်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK