ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော FA ဖလားပွဲစဉ် မန်ယူ (၁-၀) ဝက်စ်ဟမ်းပွဲတွင် အိုင်ဗရီကို့စ်လူငယ်တောင်ပံကစားသမား အာမတ်ဒီယာလိုကို အသုံးမပြုခဲ့ခြင်းအတွက် မန်ယူအသင်းနည်းပြဆိုးလ်ရှားအား မန်ယူပရိသတ်အချို့က ဒေါသထွက်လျက်ရှိနေကြကြောင်း သိရှိရသည်။
အသက် (၁၈)နှစ်အရွယ်သာရှိသေးသည့် အာမတ်ဒီယာလိုသည် ပြီးခဲဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း မန်ယူအသင်းသို့ (၅)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့ပြီး၊ သူ၏ပြောင်းရွှေ့ကြေးမှာ (Add-Ons ကြေးများကို သာ ထည့်သွင်းတွက်ချက်ပါက) ပေါင်(၃၇)သန်းအထိ ရှိနိုင်ကြောင်း သိရသည်။
စီးရီးအေကလပ် အတ္တလန်တာအသင်းမှ မန်ယူအသင်းထံသို့ရောက်လာသူ အာမတ်ဒီယာလိုသည် ပြီးခဲ့သည့်လကုန်ပိုင်းက မန်ယူ ယူ-၂၃ အသင်းနှင့် လီဗာပူးလ် ယူ-၂၃ အသင်းတို့ ကစားခဲ့သော လူငယ်ပွဲစဉ်တွင် ပထမဆုံးပါဝင်ကစားခဲ့ပြီး အသင်းအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။
ယင်းပွဲတွင် မန်ယူ ယူ-၂၃ အသင်းက လီဗာပူးလ်ယူ-၂၃ အသင်းကို (၆-၃)ဂိုးဖြင့်အနိုင်ရရှိခဲ့ ပြီး မန်ယူလူငယ်ကစားသမားသစ် အာမတ်ဒီယာလိုမှာလည်း ပထမဆုံးပွဲစဉ်တွင်ပင် အသင်းအတွက် ခြေစွမ်းပြကစားကာ နိုင်ပွဲရရှိအောင် အကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့သည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ၎င်းအား ဝက်စ်ဟမ်းနှင့်ကစားခဲ့သော FA ဖလားပဥ္စမအဆင့် ပွဲစဉ်တွင် အရန်ကစားသမားအဖြစ် အသင်းလူစာရင်း၌ ထည့်သွင်းခဲ့သည်။
ယင်းပွဲတွင် ပွဲချိန်မိနစ်(၉၀)အတွင်း ဂိုးမရှိသရေကျနေ၍ အချိန်ပို မိနစ်(၃၀)ကစားပြီးမှ မန်ယူအသင်းမှာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းပွဲတွင် နှစ်ဖက်အသင်းမှာ လူစားလဲခွင့် (၆)ဦးအထိရရှိခဲ့ပြီး ဆိုးလ်ရှားက မန်ယူအရန်ကစားသမားများထဲမှ (၅)ဦးကို လူစားလဲပါဝင်ကစားစေခဲ့သည်။
သို့သော် ခြေစွမ်းကိုကြည့်လို၍ ပရိသတ်များစောင့်မျှော်နေသော အာမတ်ဒီယာလိုအား ထည့်သွင်းခြင်းမပြုဘဲချန်လှပ်ခဲ့ရာ မန်ယူပရိသတ်အချို့မှာ ဆိုးလ်ရှား၏ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။
မန်ယူပရိသတ်တစ်ဦးက ''ဒီလိုပွဲမျိုးမှာ အာမတ်ဒီယာလိုဟာ မန်ယူအသင်းကြီးအတွက် ပွဲဦးထွက်အဖြစ်ကစားခွင့်ရဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားက ပျက်ကွက်ခဲ့ပါတယ်။ ဒါက သူ့အနေနဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်လိုက်တာပါပဲ'' ဟု Twitter တွင်ရေးသားခဲ့သည်။
အခြားတစ်ဦးကလည်း ''ဒီလိုအရေးမပါတဲ့ပွဲမျိုးမှာတောင် ဘာကြောင့် အာမတ်ဒီယာလိုကို အသုံးမပြုခဲ့ရတာလဲ''ဟု ရေးသားခဲ့သည်။
မန်ယူပရိသတ် နောက်တစ်ဦးကလည်း ''ဒီနေ့ပွဲကို ကျွန်တော် စောင့်ကြည့်ခဲ့တာက အာမတ်ဒီယာလိုရဲ့ ခြေစွမ်းကို ကြည့်ချင်လို့ပါ။ စိတ်ပျက်စရာပါပဲ''ဟုရေးသားခဲ့သည်။
အချို့ ပရိသတ်များကလည်း ဆိုးလ်ရှားသည် အာမတ်ဒီယာလိုကို ပွဲထွက်ခွင့်ပေးရန် သတ္တိမရှိဟု စွပ်စွဲခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
