ချယ်လ်ဆီးနဲ့ ဘန်စလေက ဒီရာသီ လိဂ်ဖလားပွဲမှာ တွေ့ခဲ့ပြီး၊ ချယ်လ်ဆီးက ဂိုးဒါဇင်ဝက်သွင်းကာ အောင်ပွဲခံခဲ့ဖူးတယ် . . .
ပရီးမီးယားလိဂ်ပွဲစဉ်(၂၀) ပွဲကြိုသုံးသပ်ချက်
ဘန်စလေ နှင့် ချယ်လ်ဆီး (သောကြာနံနက် ၂း၃၀ နာရီ)
တူဟယ်လ်လက်ထက်မှာ ချယ်လ်ဆီးက ယုံကြည်မှုအပြည့်ရှိလာတာတွေ့ရတယ်။ ကစားပုံပိုကောင်းလာပြီး၊ ပြိုင်ဘက်တွေကို စိုးမိုးနိုင်စွမ်းရှိတာလည်း မြင်ရတယ်။ ချယ်လ်ဆီးနဲ့ ဘန်စလေက ဒီရာသီ လိဂ်ဖလားပွဲမှာ တွေ့ခဲ့ပြီး၊ ချယ်လ်ဆီးက ဂိုးဒါဇင်ဝက်သွင်းကာ အောင်ပွဲခံခဲ့ဖူးတယ်။ ဒီပွဲက အခုလောက်ဂိုးပြတ်ဖို့ မရှိပေမဲ့ ချယ်လ်ဆီးပဲ နိုင်မှာပါ။
ဝုလ်ဗ် နှင့် ဆောက်သမ်တန် (သောကြာနံနက် ၀၀း၀၀ နာရီ)
ဝုလ်ဗ်က နောက်ဆုံးပွဲမှာ လက်စတာကို သရေကျခဲ့ပြီး ကစားပုံကတော့ သိသိသာသာတိုးတက်လာတာတွေ့ရတယ်။ ဆောက်သမ်တန်က ရလဒ်တွေဆက်တိုက်ကျဆင်းနေပြီး ဒီပွဲမှာလည်း ဝုလ်ဗ်ကို အရှုံးပေးရမယ်ထင်တယ်။
စပိန်ဘုရင့်ဖလား (၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်
ဘီလ်ဘာအို နှင့် လီဗန်တေး (သောကြာနံနက် ၂း၃၀ နာရီ)
ဘီလ်ဘာအိုအသင်းက ဒီပြိုင်ပွဲမှာ ဘာစီလိုနာရဲ့နောက် ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကလည်း ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။ (အဲဒီပွဲကို ကပ်ဘေးကြောင့် ရွှေ့ဆိုင်းထားရလို့ အဖြေမထွက်သေးတာပါ)။ လီဗန်တေးကတော့ ဒီပြိုင်ပွဲမှာ အစဉ်အလာမရှိပါဘူး။ ဒါပေမဲ့ ရှုံးပွဲမရှိတာကြာပြီဖြစ်တဲ့ လတ်တလောခြေစွမ်းကိုတော့ ဘီလ်ဘာအိုအသင်း ဂရုပြုဖို့ လိုပါတယ်။ စပိန်စူပါဖလားကို ရယူထားတဲ့ ဘီလ်ဘာအိုအသင်းက ထိပ်သီးအသင်းတွေကိုတောင် အလဲထိုးထားတာကြောင့် လီဗန်တေးက မှုလောက်စရာပြိုင်ဘက်မျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရာသီမှာ တိုးတက်မှုပိုရှိလာတဲ့ လီဗန်တေးကို လျှော့တွက်လို့မရသလို၊ ဘီလ်ဘာအိုအသင်းရဲ့ ခံစစ်က လီဗန်တေးတိုက်စစ်ကို ထိန်းနိုင်ဖို့လည်း ခက်ခဲနိုင်ပါတယ်။ အိမ်ကွင်းမှာ ဘီလ်ဘာအိုအသင်း အမှားခံမှာမဟုတ်ပေမဲ့ ဂိုးတော့ ပြန်ပေးရနိုင်ပါတယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအများကိုပဲ ရွေးချယ်သင့်တဲ့ပွဲပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
