ကန်ရေ ခမ်းခြောက်ပြီးနောက် ရေငန်ကိုသာ သုံးစွဲနေရသည့် ညောင်ဦးမြို့နယ် ကောင်းညို နှင့် ညောင်လှကျေး ရွာများသို့ ELEVEN MEDIA GROUP နှင့် စေတနာရှင်များ ပူးပေါင်း၍ မေလ ၁၁ ရက်နေ့က ရေချိုရေသန့်များ သွားရောက် လှူဒါန်းခဲ့သည်။
အနာဂတ် အလင်းမြန်မာဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေဂါလံ ၄၀၀၀ ဆန့် ရေသယ်ယာဉ်ဖြင့် ELEVEN MEDIA GROUP နှင့် စေတနာရှင်များ၏ ရေလှူဒါန်းမှုကြောင့် ညောင်ဦးမြို့နယ် ကောင်းညို နှင့် ညောင်လှကျေးရွာများ မှာ သောက်သုံးရေချို ၂ခေါက် သွားရောက်လှူဒါန်းရာ တစ်ပတ်စာခန့်ထိ ဖူလုံစေခဲ့ကြောင်း သိရသည်။
အိမ်ခြေ ၁၈၀ ကျော်ရှိသည့် ကောင်းညိုကျေးရွာမှာ ညောင်ဦး - ကျောက်ပန်းတောင်းလမ်း မိုင်တိုင်အမှတ် ၁၆ အနီးမှ အတွင်းဖက် ၁မိုင်ခန့်အကွာတွင် တည်ရှိပြီး ကန်ရေ ခမ်းခြောက်သွားသည့် အတွက် သောက်သုံးရေချို အား ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။
“ရွာက စက်ရေတွင်းတွေက တစ်တွင်းက ရေငန်ထွက်တယ်။ တစ်တွင်းက ရေစေးထွက်တယ် ။ သောက်ရေ ချက်ရေ ဘယ်လိုမှ သုံးမရဘူး။ လူချိုး ခေါင်းလျှော်မယ်ဆိုရင်တောင် ၃ ရက်ရေခံထားပြီး အနည်ထိုင်မှ ချိုးလို့ ရ တယ်။ ဆံပင်တွေဆိုလည်း စေးကပ်နေတာ။ ချက်ဖို့ သောက်ဖို့နဲ့ နွားတိုက်ဖို့ကတော့ ရွာက မြေသားကန်ကို အားထားရတယ်။ အဲထဲဝင်သမျှ မိုးရေကို ခပ်ပြီး အိမ်တွေမှာ အိုးတွေ ကန်တွေနဲ့ လှောင်သုံးရတယ်။ လှောင်ထားသမျှရေလည်း ကုန်ပြီ။ ကန်လည်း ခမ်းသွားပြီ။ လက်ရှိကတော့ အလှူရှင်မရှိရင် ရေကား ထော်လာဂျီတစ်စီး ၉၀၀၀ ပေးရတယ်။ တစ်အိမ်တည်း ဝယ်မသုံးနိုင်လို့ ၃ အိမ် ၄ အိမ် လောက် စုဝယ်သုံးရတယ် ‘ ဟု ကောင်းညို ကျေးရွာမှ ဦးတင်ဝင်း ကပြောသည်။
ELEVEN MEDIA GROUP နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေသွားရောက် လှူဒါန်းခဲ့သည့် ညောင်လှကျေးရွာ မှာ ဗျတ္တပန်းဆက်လမ်းမှ အတွင်းဖက်သို့ ၂ မိုင်ခန့် ဝင်ရောက်ရသည့် ကျေးရွာဖြစ်ပြီး စက်တွင်းရေငန်ကိုသာ သုံးစွဲနေရသော အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။
“ ကန်ရေ ရှိုတုန်းကတော့ ရေချိုအတွက် ကန်သွားခပ်ရတယ်။ ရွာက စက်တွင်းက သောက်မရဘူး။ ငန်တော့ သောက်ရင် ဆီးအောင့် ဗိုုက်အောင့်တွေဖြစ်တယ်။ တစ်ချို့မရှိတဲ့သူလည်း သုံးရတာပေါ့။ တစ်ချို့လည်း ရေဝယ် သုံးရတယ်။အခုလိုရေလှူတဲ့ ကားတွေလာရင်တော့ ရေချိုရေသန့် သုံးရတာပေါ့ ” ဟု ညောင်လှရွာမှ ဦးဆန်းဝင်း ကပြောသည် ။
သောက်သုံးရေရှားပါးနေသော ညောင်ဦးမြို့နယ် ကောင်းညို နှင့် ညောင်လှကျေးရွာများသို့ ရေလှူဒါန်းခြင်းအပါ အဝင် အခြားသော ရေရှားပါးသည့် ကျေးရွာများအား ရေလှူဒါန်းရန်အတွက် Eleven Media Group ရေလှူ ဒါန်းမှုအစီအစဉ်သို့ CB ဘဏ် (ပခုက္ကူ )မှ ၇၀၀၀၀ ကျပ် ၊ ရွှေစင်ယောက်အထည်ဆိုင် (ပခုက္ကူ )မှ တစ်သိန်း ကျပ် ၊ဒေါက်တာအေးအေးသင်း (သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး)မှှ တစ်သိန်းကျပ် ၊ ဒေါ်အိမို့မို့သော်မှ ၂၀၀၀၀ ကျပ် ၊ရွှေဟိန်းအောင်ရွှေဆိုင် (ပခုက္ကူ )မှ ၁၀၅၀၀၀ ကျပ် လေယာဉ်ပျံအထည်နှင့် လက်ဖက်ခြောက် တိုက် (ပခုက္ကူ )မှ ၃ သိန်းကျပ် လှူဒါန်းခဲ့သည် ။
ပခုက္ကူနှင့် ညောင်ဦးခရိုင်တွင်း ကန်ရေ အဓိကထား သုံးစွဲရသည့် ကျေးရွာများမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် မိုး ရေလုံလောက်စွာ မရှိသည့်အတွက် သောက်ရေကန်များ စောလျင်စွာ ခန်းခြောက်ခဲ့ခြင်းကြောင့် ယခုနှစ်အစော ပိုင်းမှာပင် ရေရှားပါးမှု ကြုံတွေ့နေရခြင်းဖြစ်သည်။
ယခုနှစ် မေလဆန်းပိုင်းမှစ၍ နေ့အပူချိန်မြင့်တက်ခြင်းနှင့် မိုးခေါင်ခြင်းများကြောင့် ရေလိုအပ်ချက် များပြားသည့် ကျေးရွာများပြားလာပြီး ပခုက္ကူနှင့် ညောင်ဦးခရိုင်တွင်းဒေသခံများ၏ ရေလိုအပ်ချက်အား ELEVEN MEDIA GROUP၏ ရေလှူမှု အပါအဝင် အခြားသော ရေလှူအသင်းများမှ ဖြည့်ဆည်းပေးနေရသည်။
Eleven Media Group နှင့်စေတနာရှင်များ ပူးပေါင်း၍ ဒေသခံများ၏ ရေအခက်အခဲအား ကူညီပေးရုံ သာမက စာသင်ကျောင်းများ နှင့် ဘုန်းတော်ကြီးကျောင်းများ၏ ရေလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနေပြီး ၂၀၁၆ ခု နှစ်မှ ၂၀၁၉ ခုနှစ်မေလထိ ရေဂါလံ ၁သန်းကျော် လှူဒါန်းထားပြီးဖြစ်သည်။
( ပုံစာ - Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေရှားပါးသည့် ကျေးရွာများအား ရေလှူဒါန်းပေးနေစဉ်)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
