YRTA တွင် ဒုဥက္ကဋ္ဌနှစ်ဦး ထပ်မံခန့်ထားပြီး အဖွဲ့ဝင် ၂၂ ဦးဖြင့် ပြောင်းလဲဖွဲ့စည်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က မေ ၁၁ ရက်တွင် YRTA ရုံးချုပ်၌ ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၉ ဧပြီလထဲမှာ YRTA ဖွဲ့စည်းပုံကို တိုးမြှင့်ဖွဲ့စည်း ထားပါတယ်။ ဒီနေ့ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လုပ်ပိုင်ခွင့်များအရ နိုင်ငံတော်ရဲ့ တာဝန်များကို ထမ်းဆောင်တဲ့အခါမှာ တာဝန်ယူရမယ့် ဝန်ကြီးချုပ်က နာယကတာဝန်ကို ဆက်လက်ယူထားပါတယ်။ ဒုဥက္ကဋ္ဌ နှစ်ဦးကို ဖြည့်စွက်ပြီးတော့ ဖွဲ့စည်းခဲ့ပါတယ်။ ဥပဒေချုပ်နဲ့ လိုအပ်တဲ့တိုင်းဒေသကြီးစီမံ ကိန်းစာရင်းအင်းဌာနတွေကို ထည့်သွင်းဖွဲ့ စည်းပြီးတော့ ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသ ကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဒုဥက္ကဋ္ဌ (၁) အဖြစ် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဒုဥက္ကဋ္ဌ (၂)အဖြစ် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး (ရန်ကုန်မြို့တော်ဝန်) ကို ပြင်ဆင်ဖွဲ့စည်းပြီးတော့ အဖွဲ့ဝင်များအဖြစ် ၂၂ ဦးသောအဖွဲ့နဲ့ YRTA ကို ပြောင်းလဲဖွဲ့စည်းပြီး ဖြစ်ပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အနေဖြင့် နှစ်ပတ်တစ်ကြိမ် မီဒီယာများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အဆိုပါ နှစ်ပတ်တစ်ကြိမ် တွေ့ဆုံရာတွင် မီဒီယာများ သိလိုသမျှ မေးခွန်းများကို ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ဦးလှအောင်က ပြောကြားသည်။
“ကျွန်တော်တို့လုပ်တဲ့ ကဏ္ဍကို မီဒီယာတွေကို မတင်ပြနိုင်တဲ့အတွက် အချို့အပိုင်းလေးတွေမှာ သတင်းအမှားလေးတွေ ပြည်သူလူထုထဲကို ပြန့်ဝင်သွားပါတယ်။ ဒါကြောင့် YRTA က သုံးနှစ်အတွင်း ရောက်လာတဲ့အခါမှာ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ မီဒီယာတွေနဲ့ ကျွန်တော်တို့ ဆောင်ရွက်ချက်တွေကို ပြည်သူလူထုကို အသိပေးဖို့ ပေါင်းစပ်ပြီးတော့ လုပ်ငန်းအားနည်းချက်တွေ၊ ထည့်သွင်းရမယ့် အချက်တွေကို ပူးပေါင်းဆောင်ရွက်သင့်ပြီ ဆိုပြီးတော့ အခုချိန်မှာ နှစ်ပတ်တစ်ကြိမ် တွေ့ဆုံပြီးတော့ သတင်းဆွေးနွေး ဖလှယ်ဖို့ အစီအစဉ်ကို ဆောင်ရွက်သွားပါမယ်” ဟု ဦးလှအောင်က ပြောကြားသည်။
YRTA အနေဖြင့် YBS အပြင် City Taxi မှတ်ပုံတင်ခြင်းလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေး ယာဉ်များနှင့် ပတ်သက်သည့် လုပ်ငန်း၊ Water Taxi၊ မြို့ပတ်ရထားလမ်း လုပ်ငန်းများနှင့် ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ခြင်းများ၊ JICA၊ ADB အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ဦးလှအောင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
