Top News

ယခုနှစ်အတွင်း တိုင်း/ပြည်နယ်အဆင့် ဆေးရုံကြီးများတွင် ပထမအဆင့် အနေဖြင့် အထူးကုဆရာဝန်ကြီးများ (ဆေးပညာ) ဦးဆောင်၍ နှလုံးရောဂါ အထူးကြပ်မတ် ကုသဆောင်များ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်
24htopnews | December 3, 2024 3:12 AM CST

ယခုနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံကြီးများတွင် ပထမအဆင့် အနေဖြင့် အထူးကုဆရာဝန်ကြီး (ဆေးပညာ) များ ဦးဆောင်၍ နှလုံးရောဂါ အထူးကြပ်မတ် ကုသဆောင်များ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“ကျွန်တော်တို့က ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အတွက် အများစုက ကူးစက်တဲ့ရောဂါတွေ နဲ့ သေဆုံးနေမယ်လို့ ထင်တယ်။ ဒါပေမဲ့ တ ကယ့်တကယ်ကြည့်လိုက်တော့ ကူးစက်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုနှုန်းက ၃၀ ရာ ခိုင်နှုန်းပဲရှိတယ်။ ကျန်တဲ့ ၅၉ ရာခိုင်နှုန်း လောက်က ကူးစက်မဟုတ်သော ရောဂါတွေကြောင့် ဖြစ်နေတယ်။ ကျန်တဲ့ ၁၁ ရာခိုင်နှုန်းက ယာဉ်အန္တရာယ်ကြောင့်ဖြစ်တဲ့ သေဆုံးနှုန်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုသည် ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် အသက် ၃၀ အောက်၊ အသက် ၃၀ ကနေ အသက် ၇၀ မတိုင်ခင်စော၍ သေဆုံးခြင်းက ၂၄ ရာခိုင်နှုန်း ရှိနေတယ်။ အများစုသည် ကင်ဆာရောဂါတွေနဲ့ သေနေတယ်။ ဒုတိယက နာတာရှည် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုတွေနဲ့ သေနေတယ်။ ဒီလိုတွေ မဖြစ်အောင် ကျွန်တော်တို့ ကာကွယ်ဖို့ မလိုဘူးလား။ ဒါက အစားအသောက်နဲ့ အများကြီး ဆိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီရောဂါတွေ ကာကွယ်ရေးနဲ့ ပတ်သက်လို့ အင်မတန်ကို နည်းပါးပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။   

မြန်မာနိုင်ငံရှိ အမျိုးသားနှင့် အမျိုးသမီးများ၌ မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးမှုစာရင်းအရ နှလုံးသွေးကြောကျဉ်း ရောဂါမှာ အများဆုံးဖြစ်နေပြီး ရာခိုင်နှုန်း ၄၀ ကျော်ထိရှိနေကြောင်း၊ မကူးစက်နိုင်သော ရောဂါများအနက် မြန်မာအမျိုးသားများတွင် သေဆုံးမှုနှုန်း အများဆုံး ရောဂါများမှာ နှလုံးသွေးကြောကျဉ်း ရောဂါ ၃၉ ရာခိုင်နှုန်း၊ ကင် ဆာရောဂါ ၂၁ ရာခိုင်နှုန်း၊ အခြားနာတာရှည်ရောဂါများ ၂၄ ရာခိုင်နှုန်း၊ နာတာရှည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ၁၂ ရာခိုင်နှုန်း၊ ဆီးချိုသွေးချို လေးရာခိုင်နှုန်းခန့်ရှိပြီး အမျိုးသမီးများတွင် နှလုံးသွေးကြောကျဉ်း ရောဂါမှာ ၄၅ ရာခိုင် နှုန်း၊ ကင်ဆာ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ၁၇ ရာခိုင်နှုန်းစီ၊ အခြားနာတာရှည် ရောဂါများ၁၄ ရာခိုင်နှုန်း၊ ဆီးချိုသွေးချို ခုနစ်ရာခိုင်နှုန်းခန့်ထိရှိကြောင်း သိရသည်။                     

မြန်မာနိုင်ငံတွင် ပြီးခဲ့သော ဆယ်စုနှစ် တစ်ခုကျော်မှ စတင်ကာ ဆီးချိုသွေးချိုရောဂါ အပါအဝင် အခြားမကူးစက်နိုင်သော ရောဂါများဖြစ်သည့် နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာ စသည့် ရောဂါများ ဖြစ်ပွားမှုမှာ မြင့်တက်လာပြီး အဓိကအားဖြင့် အစားသောက်နှင့် လူနေမှုပုံစံများ ပြောင်းလဲမှုကြောင့် ဖြစ်ကြောင်း၊ အဝလွန်ခြင်းများလည်း များပြားလာရာ ယင်းနှင့် ဆက်နွှယ်သည့် နှလုံး၊ အသည်းအဆီဖုံးသည့် ရောဂါများ တွဲဖက်ဖြစ်ပွား လာသည်ကို သက်ငယ်ပိုင်းများတွင်ပါ တွေ့ရှိလာရကြောင်း သိရသည်။

 


READ NEXT
Cancel OK