ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာကျောင်းတိုက် နာယကဆရာတော်ကြီး ရုပ်ကလာပ်တော်အား ဒါယကာ၊ ဒါယိကာမများက မီးပူဇော်ခြင်း မပြုဘဲ စံကျောင်းဖြင့်သာ ကိုးကွယ်ပူဇော်လိုသော်လည်း ဆရာတော်ကြီး မိန့်ကြားခဲ့သည့်အတိုင်း ရုပ်ကလာပ်တော်အား မေ ၁၂ ရက် (ယနေ့)တွင် မီးသဂြုႋဟ် ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ကြီး ဦးစန္ဒိမာမှာ သက်တော် ၉၆ နှစ်၊ ၀ါတော် ၄၃ ၀ါရှိပြီး အောင်သုခ ကျောင်းတိုက်ကို တည်ထောင်ခဲ့သော ပဓာန နာယကဆရာတော်ဖြစ်ပြီး နိုင်ငံကျော်ဆရာ တော်ကြီးဖြစ်ကာ နိုင်ငံအများအပြားတွင် တပည့်ဒကာများ ကိုးကွယ်လျက်ရှိသော ဆရာတော်ဖြစ်ကြောင်း သိရသည်။
ဆရာတော်ကြီးမှာ ဧပြီ ၂၇ ရက် ည ၁၁ နာရီ ၁၁ မိနစ်တွင် အာရှတော်ဝင်ဆေးရုံ ကြီး၌ ဆေးကုသမှုခံယူနေစဉ် ပျံလွန်တော် မူခဲ့ကြောင်းသိရပြီး ယခုအခါ ပဲခူးမြို့ရှိ ဆရာ တော်သီတင်းသုံးသော ကျောင်းတော်သို့ ပြန်လည်ပင့်ဆောင်ထားပြီး ရုပ်ကလာပ် မီးပူဇော်သဂြုႋဟ်ရေးအတွက် ဆရာတော် သံဃာတော်ကြီးများနှင့် စည်းဝေးညှိနှိုင်းပြီးနောက် ဆရာတော်ကြီး မိန့်မှာခဲ့သည့်အတိုင်း ဆုံးဖြတ်ခဲ့ပြီး မေ ၁၂ ရက် ညနေ ၅ နာရီခန့်တွင် ရုပ်ကလာပ်တော်အား မီးပူဇော်သဂြုႋဟ်မည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အခု ရက်သတ်မှတ်ပြီးပါပြီ။ မေ ၁၂ ရက် ညနေပိုင်းမှာ မီးသဂြုႋဟ် ပူဇော်သွားမှာပါ။ ရန်ကုန်မြို့က ဒကာ ဒကာမ တွေအတွက် ကားအကြိုအပို့တွေ စီစဉ်ထားပါတယ်။ အချိန်နဲ့ နေရာအတိအကျ အွန်လိုင်းမှာလည်း ဖော်ပြထားပါတယ်။ မနက် ၇ နာရီခွဲတစ်ကြိမ်၊ မနက် ၁၀ နာရီတစ်ကြိမ်၊ မွန်းလွဲ ၁ နာရီတစ်ကြိမ် ရန်ကုန်ကနေ ကြိုပြီးပို့ဆောင်ပေးပါမယ်။ ညနေပိုင်းမှာ ရန်ကုန်ကို ပြန်ပို့ပေးပါမယ်။ ရောက်လာတဲ့ ဧည့်သည်တွေကို ကျွေးမွေးဖို့ အားလုံးစီစဉ်ထားပါတယ်။ ညနေ ၄ နာရီမှာ စံကျောင်းနေရာကနေ လောင်တိုက်ကွင်းကို ပင့်ဆောင်ပါမယ်။ ညနေ ၅ နာရီလောက်မှာ ဂက်စ်နဲ့ မီးပူဇော်ပါမယ်။ ည ၇ နာရီ ဝန်းကျင်လောက် ပြီးပါမယ်” ဟု မီးသဂြုႋဟ်ပူဇော်နိုင်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
