ရန်ကုန်-စစ်တွေပြည်ထောင်စုကားလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သည့် AA အဖွဲ့ဝင်တစ်ဦးအား အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ဟု မေ ၁၀ ရက် တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ရန်ကုန်-စစ်တွေပြည်ထောင်စု ကားလမ်းမကြီး လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား မေ ၁၀ ရက် နံနက်ပိုင်းတွင် AA အဖွဲ့မှ ကျောက်တော်မြို့အဝင် မီတာ ၃၀၀၀ ခန့်အကွာ၌ အဝေးထိန်းရီမုမိုင်းနှစ်လုံးဖြင့် မိုင်းဖောက်ခွဲတိုက်ခိုက်လာခဲ့ပြီး အဆိုပါနေရာအနီးတစ်ဝိုက်အား မိုင်းရှင်းလင်းခြင်း ဆောင်ရွက်စဉ် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သော AA အဖွဲ့ဝင်တစ်ဦးအား ဆိုင်ကယ် တစ်စီး၊ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်းနှစ်လုံး၊ မိုင်းထောင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေ ပစ်ခတ်ဖမ်းဆီးရမိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အ တွင်း အများပြည်သူအသုံးပြုသွားလာလျက်ရှိသည့် လမ်းကြောင်းများပေါ်တွင် မိုင်းထောင်၊ မိုင်းခွဲခြင်းများ ဆက်တိုက်ဆောင်ရွက်လာကြောင်း သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီမှ မေ ၁၀ ရက် အထိ AA အဖွဲ့က မိုင်းထောင်ခဲ့သည့်အကြိမ် ၁၆ ကြိမ်ရှိကာ မိုင်း ၄၆ လုံးအား တပ်မတော်စစ်ကြောင်းများက ဖော်ထုတ်ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
