လျှပ်စစ်ဓာတ်အားကို ပေါက်စျေးနှင့်အညီ ဝယ်ယူသုံးစွဲမည်ဆိုပါက လျှပ်စစ်ကဏ္ဍတွင် လက်ရှိအခြေအနေများကို ပြုပြင်ပြောင်းလဲမှုများ မလုပ်နိုင်စရာမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပသည့် Yangon Investment Forum တွင် ပြောကြားခဲ့သည်။
“လိုအပ်ချက်တွေရှိတယ်၊ သုံးချင်တဲ့ အခြေအနေတွေရှိတယ်ဆိုရင်၊ ပေါက်စျေးနဲ့အညီ ဝယ်ယူသုံးမယ်ဆိုရင် ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်နိုင်စရာ မရှိပါဘူး။ ဒီပြုပြင်ပြောင်းလဲမှုတွေကို လုပ်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း အခွင့်အလမ်းတွေရမှာ ဖြစ်ပါတယ်” ဟု ဦး ဖြိုးမင်းသိန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးနှင့်ပတ်သက်၍ စိန်ခေါ်မှုများရှိကြောင်း၊ ယင်းအခြေအနေက နိုင်ငံတော်အစိုးရအတွက် အခက်အခဲရှိသေးသော်လည်း ယင်းစိန်ခေါ်မှုသည်ပင် အခွင့်အလမ်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ဘက်မှာ အခက်အခဲ အနည်းငယ်ရှိပါတယ်။ လျှပ်စစ်မီးကို နိုင်ငံတော်က အရှုံးခံ ရောင်းချပေးနေရတယ်ဆိုတဲ့ အခြေအနေရှိပါတယ်။ နိုင်ငံတော်က အရှုံးခံရောင်းချစရာမလိုဘူး။ ရောင်းသူနဲ့ ဝယ်သူ တူညီတဲ့စျေးနှုန်းနဲ့သာ ရောင်းချနိုင်မယ်ဆိုရင် လျှပ်စစ်မီးကို အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်မှာဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
လက်ရှိနွေရာသီကာလတွင် ရေအားလျှပ်စစ်မှ ရေအားလျော့နည်း၍ လျှပ်စစ်ထုတ်လုပ်မှု လျော့ကျလာချိန်တွင် လျှပ်စစ်မီးမှာ အခက်အခဲဖြစ်လာကြောင်း သိရသည်။
ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အချိန်ကြာမြင့်စွာဖြစ်ပေါ် လျက်ရှိနေသဖြင့် ယင်းအခြေအနေအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ဖြေရှင်းဆောင်ရွက်ရန် စီစဉ်ထားမှုအခြေအနေကို သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်းက “ဒါနဲ့ပတ်သက်ပြီး အဓိကက လျှပ်စစ်ကို ထုတ်လုပ်ရောင်းချမှုစျေးနှုန်းနဲ့ သုံးစွဲမှုမှာ အရှုံးမပေါ်ဖို့ဖြစ်ပါတယ်။ အခု အခြေအနေမှာ ဘတ်ဂျက်နှစ်မပိတ်သေးတော့ ဒီနှစ်ကိုတော့ မသိသေးပါဘူး။ ပြီးခဲ့တဲ့ ဘတ်ဂျက်မှာတော့ အရှုံးပေါ်မှုက ပထမဦးဆုံး ကျွန်တော်တို့ တာဝန်ယူခဲ့တဲ့ နှစ်က ၃၀၀ ဘီလျံလောက် နိုင်ငံတော်က စိုက်ရတယ်။ မီးထွန်းတာမှာ များများတိုးထွန်းတာနဲ့ များများတိုးစိုက်ရမယ့် အခြေအနေမျိုးရှိ နေပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က လျှပ်စစ်မီးကို လုံလုံလောက်လောက် ပေးနိုင်ဖို့ထက် လျှပ်စစ်မီးရဲ့ အခြေခံအဆောက်အအုံတွေ အားလုံးကောင်းနိုင်ဖို့အတွက်ဆိုရင် နံပါတ် (၁) အချက်က ထုတ်လုပ်ရောင်းချမှု စျေးနှုန်းနဲ့ သုံးစွဲသူတွေကြားမှာ အစိုးရက ဝင်စိုက်ထုတ်ပေးပြီးလုပ်တဲ့စနစ်ကို ပြင်ဆင်ဖို့ ကြိုးစားမှရမယ်လို့ မြင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ဒီနေရာမှာ အခြေခံအဆောက်အအုံတွေ ဆောက်ဖို့ ထုတ်လုပ်ရောင်းချဖို့ အခြေအနေ ဒါတွေအားလုံးနဲ့ ပတ်သက်ရင် ကျွန်တော်တို့ဆီမှာ လာလုပ်ချင်တဲ့ ကုမ္ပဏီတွေက အများကြီးရှိပါတယ်။ အခြေခံ အဆောက်အအုံတွေ လာတည်ဆောက်ချင်တယ်။ လျှပ်စစ်သွယ်တန်းရေးပေါ့နော်။ မဟာဓာတ်အားလိုင်းတွေ လုပ်ချင်တဲ့သူတွေရှိတယ်။ ဓာတ်အားခွဲရုံတွေမှာ လုပ်ချင်တဲ့သူတွေရှိပါတယ်။ ဖြန့်ဖြူးရေးနယ်ပယ်မှာ လုပ်ချင်တဲ့ သူတွေရှိပါတယ်။ ဒါပေမဲ့ဒီထုတ်လုပ်ရောင်း ချမှုတွေအားလုံးကို များများထုတ်လုပ်ရောင်းချရင် များများနိုင်ငံတော်က စိုက်ဆိုရင်တော့ ဒီအခြေအနေကို နိုင်ငံတော်ဟာ အခက်အခဲရှိနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
