လူသားချင်းစာနာမှုဆိုင်ရာ ကုလအကြီးအကဲနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး မေ ၁၀ ရက်က ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး အာဆူလာမြူလာနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီး၊ ဥပဒေချုပ်တို့ ပါဝင်သည့်အဖွဲ့သည် မေ ၁၀ ရက်က ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးခန်းတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးမှုနှင့်ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းက “စစ်ရှောင်တွေ ဂုဏ်သိက္ခာရှိစွာနဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့နေရပ်ပြန်နိုင်ရေးကိစ္စကို အဓိကဆွေးနွေးတာပေါ့။ သူတို့ဘက်ကတော့ အမေရိကန်ဒေါ်လာသန်း ၄၀ လောက် ကူညီနိုင်တယ်ဆိုတဲ့အကြောင်း သတင်းစကား ပါးသွားတယ်။ သူတို့ခရီးစဉ်ကတော့ မြစ်ကြီးနားက ငွေပျော်စံပြကျေးရွာ၊ ၀ိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာနားက ပြန်လည်ထူထောင်ရေးရွာတွေကို မနက်ဖြန်တော့ ကွင်းဆင်းကြမယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ကတော့ နေရပ်စွန်ခွာနေသူတွေ နေရာချထားရေးအတွက် အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရှိပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် ကချင်ပြည်နယ်စစ်ရှောင်စခန်းများမှ မိမိကျေးရွာသို့ ပြန်သူများ၊ အခြားနေရာသို့ အတည်တကျနေထိုင်နိုင်ရေးအတွက် လုပ်ဆောင်နေခြင်းများရှိကြောင်း လူမှုရေးဝန်ကြီးက ဆိုသည်။
“အခုတော့ နန်ဆန်ယန်ကျေးရွာက ပြန်နေတာတွေရှိတယ်။ နောက်ဆုံးပြန်တဲ့သူတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေထဲကနေ မကျသေးတဲ့အတွက် မထောက်ပံ့ရသေးဘူး။ အခုနေရပ်ပြန်နိုင်ရေးအတွက်လည်း ဘယ်ဒေသဘယ်နေရာ သင့်တော်တယ်ဆိုတာ စိစစ်ရွေးချယ်ရဦးမယ်” ဟု ပြောကြားသည်။
ပြည်လည်နေရာချထားရေး လုပ်ငန်းများကို မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာတွင်လည်းကောင်း၊ ဗန်းမော်ခရိုင် မန်စီမြို့နယ် ရေခူးမန်ခံကျေးရွာအနီးတွင်လည်းကောင်း၊ ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအနီးတွင်လည်းကောင်း နေရာချထားမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် အဓိကစိန်ခေါ်မှုများမှာ ငြိမ်းချမ်းရေး၊ ပုံသဏ္ဌာန်မမှန်သည့် စီးပွားရေး၊ မူးယစ်ဆေးဝါး၊ မြေယာပြဿနာ၊ ရွှေ့ပြောင်းစစ်ရှောင်ဒုက္ခသည်များအရေးဖြစ်ပြီး မြေယာပြဿနာကိုသာ အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းနိုင်ခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောကြားထားသည်။
ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်ဇွန် ၉ ရက်မှစ၍ ပစ်ခတ်မှုများ ဖြစ်ပွားလာပြီးနောက်ပိုင်း ကျေးရွာပေါင်း ၃၀၀ ဝန်းကျင်မှ လူပေါင်း ၄၀၀၀၀ ကျော် အစိုးရထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီးလူပေါင်း ၆၀၀၀၀ ကျော်မှာ KIA နယ်မြေအတွင်းသို့ ခိုလှုံခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ကချင်ပြည်နယ်အတွင်း စစ်ရှောင်များ၏ အသုံးစရိတ်မှာ ဦးသိန်းစိန်အစိုးရ ငါးနှစ်အတွင်း ကုဋေပေါင်း ၁၉၀၀ ကျော် (၁၉၈၁၉၉ ၆၈၄၆၉ ကျပ်) သုံးစွဲခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့စာရင်းများအရ သိရသည်။
နိုင်ငံတော်သမ္မတအပါအဝင် လွှတ်တော်၊ ပါတီ၊ လူမှုအဖွဲ့အစည်း၊ NGOs၊ INGOs များ၏ အစိုးရထံရောက်သော စာရင်းများသာဖြစ်ပြီး အမည်ပေါက်မရောက်သည့် စာရင်းများလည်း အများအပြား ကျန်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
