တစ်နိုင်ငံလုံး အတိုင်းအတာအရ ယခုနှစ်နွေရာသီတွင် မိုးရွာသွန်းမှုနည်းကာ အပူချိန်မြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ စံချိန်တင် အပူချိန် မြင့်တက်မှုများပါ ဖြစ်ပေါ်ခဲ့ကာ မန္တလေးမြို့တွင်လည်း နေ့အပူချိန်မှာ ပျမ်းမျှအပူချိန်များထက် မြင့်တက်လျက်ရှိသည်။
မန္တလေးမြို့တွင် ယခုနှစ်နွေကာလ၌ မိုးရွာသွန်းမှုနည်းကာ နေ့အပူချိန်မှာ ၄၀ ဒီဂ ရီစင်တီဂရိတ်အထက်တွင် တည်ရှိနေပြီး မေလတွင်လည်း အပူချိန်မှာ သိသိသာသာ လျော့ကျခြင်းမရှိဘဲ ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ဖြစ်ပေါ် လျက်ရှိရာ မန္တလေးမြို့၏ မေလပျမ်းမျှနေ့ အပူချိန်ထက် သုံးဒီဂရီစင်တီဂရိတ်မှ ငါးဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်မှု ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
“အပူချိန်က ဧပြီလအတွင်းကနေ ဆက်တိုက်မြင့်တက် နေတာကနေ မေလမှာလည်း သိသိသာသာ လျော့ကျခြင်း မရှိဘဲ ၄၀ ဒီဂရီ စင်တီဂရိတ် အထက်မှာပဲ ရှိနေသေးတယ်။ မုန်တိုင်းဖြစ်ပေါ်တဲ့ အချိန်မှာ နည်းနည်းလေး လျော့ခဲ့ပေမယ့် မိုးပျံ့ပျံ့နှံ့နှံ့ရွာတာတော့ မရှိခဲ့ဘူး။ မန္တလေးမှာ ယခင်နှစ်တွေရဲ့ အခြေအနေတွေအရ မေလအတွင်းမှာ အပူချိန် အမြင့်ဆုံး ဖြစ်ပေါ်တတ်တာက မေ ၁၁ ရက်ကနေ ၁၅ ရက်အတွင်း အမြင့်ဆုံး ဖြစ်ပေါ်လေ့ရှိပြီး မေလနောက်ဆုံးပတ်မှာတော့ အပူချိန်နည်းနည်း လျော့ကျလေ့ရှိတယ်။ မေလရဲ့ အပူဆုံး အပတ်အတွင်းမှာ ပျမ်းမျှအပူချိန်က ၃၉ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ဖြစ်တာကြောင့် အခုလက်ရှိ အပူချိန်က ပျမ်းမျှအပူချိန်ရဲ့ အထက်မှာ ရှိနေပါတယ်။ ကြိုတင်ခန့်မှန်းရတဲ့ မိုးလေဝသ အခြေအနေအရ နေရာကွက်ကျား မိုးရွာသွန်းနိုင်ပေမယ့် မိုးပျံ့ပျံ့နှံ့နှံ့ မရွာနိုင်သေးပါဘူး။ မေ ၁၅ ရက်ကနေ ၂၀ ရက် နောက်ပိုင်းမှာတော့ မိုးအရိပ်အယောင် တွေ့ရှိရတဲ့ အနေအထား သုံးသပ်တွေ့ရှိ ရပါတယ်” ဟု အထက်မြန်မာပြည် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
မန္တလေးမြို့၏ မေ ၁၀ ရက် အမြင့်ဆုံး နေ့အပူချိန်မှာ ၄၄ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ယင်းအပူချိန်မှာ စံချိန်တင် အပူချိန် မဟုတ်သေးသော်လည်း ပြီးခဲ့သည့်နှစ်များနှင့် ယှဉ်ပါက မြင့်တက်လျက်ရှိပြီး မိုးရွာသွန်းမှုနည်း ခြင်းကြောင့် မန္တလေးမြို့ပေါ် ရပ်ကွက်များတွင် မိုးခေါ်လွန်ဆွဲပွဲ များကိုလည်း ရပ်ကွက်အလိုက် ကျင်းပမှု များပြားလာကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၁၉ ခုနှစ်၊ မေလ ပထမ ၁၀ ရက်ပတ်အတွင်း နေ့အပူချိန် အခြေအနေများမှာ ကချင်ပြည်နယ်တွင် မေလပထမ ၁၀ ရက်ပတ်၏ ပျမ်းမျှ အမြင့်ဆုံး အပူချိန်အောက် ၂ ဒီဂရီဖာရင် ဟိုက်လျော့နည်းခဲ့ကာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့တွင် ၁ ဒီဂရီဖာရင်ဟိုက်မှ ၃ ဒီဂရီ ဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် ၄ ဒီဂရီဖာရင်ဟိုက်မှ ၆ ဒီဂရီဖာရင် ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက် ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ၇ ဒီဂရီဖာရင်ဟိုက်မှ ၈ ဒီဂရီဖာရင်ဟိုက်အထိ၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် ၁၀ ဒီဂရီဖာရင်ဟိုက်စီ မေလပထမ ၁၀ ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်တို့ထက် ပိုခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
