လာအိုနိုင်ငံတွင် မြန်မာလုပ်သား လေးသောင်းကျော် တရားမဝင်ရောက်ရှိ အလုပ်လုပ်ကိုင် နေသည့်အတွက် တရားဝင် ဖြစ်လာစေရန် MoU စနစ်ဖြင့် စေလွှတ်နိုင်ရန် လုပ်ဆောင်နေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
မေ ၁၁ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်ရှိ ပုဂ္ဂလိကဆေးခန်းဖြစ်သော OSC ဆေးခန်းနှင့် လူမှုဖူလုံရေးအဖွဲ့ ပူးပေါင်းဖွင့်လှစ်သော ဆေးခန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။
“လာအိုနဲ့က လုပ်သားမစေလွှတ်သေးပါဘူး။ လက်ရှိ MoU ထိုးဖို့ လုပ်နေတာပါ။ G to G (Government to Government) ပါပဲ။ လက်ရှိအနေအထားအရ ဟိုဘက်မှာ အလုပ်သမား လေးသောင်းလောက် ရောက်နေတယ်လို့ သံရုံးဘက်ကရော၊ ဟိုဘက် (လာ အို) ဘက်က ရောလာပြောတဲ့အတွက် တရားမဝင် သွားတာထက် တရားဝင်သွားရင် အလုပ်သမားတွေအတွက် အကျိုးခံစားခွင့် ပိုရပြီး စောင့်ရှောက်နိုင်မယ်လို့ ယူဆတဲ့အတွက် နိုင်ငံခြားရေးရုံးကနေတစ်ဆင့် လာအိုနိုင်ငံနဲ့ ညှိနှိုင်းနေတာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
ကုန်းတွင်းပိတ်နိုင်ငံ တစ်ခုဖြစ်သော လာအိုနိုင်ငံသို့ မြန်မာလုပ်သားများ စေလွှတ်ရန် ဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် အလုပ်သမား ဝန်ကြီးဌာနအား ဝေဖန်ရေးသား ပြောဆိုမှုများရှိနေပြီး ယင်းသို့ ဝေဖန်မှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “ဝန်ကြီးဌာနကို ဝေဖန်တာတွေရှိနေရင် ဝေဖန်တဲ့သူရဲ့ သဘောထားပဲ ဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ဘာမှတ်ချက်မှ မပေးလိုပါဘူး” ဟု ပြန်လည်ဖြေကြားသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများ အနေဖြင့် တရားဝင် သွားရောက်ကြရန် တိုက်တွန်းထားပြီး တရားမဝင် လမ်းကြောင်းများမှ သွားရောက်ခြင်း မပြုရန် တားမြစ်ထားသည်။
လက်ရှိတွင် အစိုးရက MoU စနစ်ဖြင့် မြန်မာလုပ်သားများကို ပြည်ပနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ယူအေအီး၊ ကာတာ၊ ဂျော်ဒန်၊ မကာအို စသည့်နိုင်ငံများသို့ လစဉ်တရားဝင် စေလွှတ်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
