ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံသည့် လူထုထောက်ခံပွဲကို လားရှိုးမြို့တွင် မေ ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူထုထောက်ခံပွဲကို လားရှိုးမြို့ ရပ်ကွက် (၄) ဗောဓာရုံကျောင်းတိုက် အနီးရှိ စုရပ်မှစ၍ ရေကန်လမ်း၊ လမ်းမတော်လမ်း၊ သိန္နီလမ်းအတိုင်း ရပ်ကွက် (၈) မြို့မအားကစားကွင်း အတွင်းသို့ လမ်းလျှောက်ပြီး ‘၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တို့အရေး၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ပူးပေါင်းပါဝင်ရေး တို့အရေး၊ ဒီမိုကရေစီမဲ့သော ပြဋ္ဌာန်းချက်ဥပဒေများ ပြင်ဆင်ပေး ပြင်ဆင်ပေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး တို့အရေး တို့အရေး၊ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အောင်ရမည် အောင်ရမည်’ ဟူသော ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြကြောင်း သိရသည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ကျွန်တော်တို့ တိုင်းပြည်က အမှန်တကယ် လိုအပ်နေတယ်လေ။ အဲဒီတော့ ဒီအခြေခံဥပဒေက ပြောမယ်ဆိုရင် ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မညီဘူး။ နောက်ပြီးတော့ အရှေ့အနောက် မညီဘူး။ ဒီလိုမညီမျှတာကို ပြုပြင်ရမယ်။ ကာလအားဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းခဲ့တာဆိုတော့ ၂၀၁၈ ဆိုရင် ၁၀ နှစ်တောင် ကျော်ခဲ့ပြီ။ ခေတ်နဲ့မဆီလျော်တော့ဘူး။ ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ လိုလာတယ်။ လိုလာတဲ့အတွက် ကျွန်တော်တို့က တာဝန်ယူ တာဝန်ခံပြီးတော့ အဖွဲ့ခေါင်းဆောင် အနေနဲ့ ဒီအခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်ကော်မတီကို ထောက်ခံမယ်။ နောက်တစ်ခါ ဒီပြင်ဆင်ရေးကိုလည်း ထောက်ခံမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးထွေးအောင်ကျော်က ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံသည့် ချီတက်လာကြသူများသည် လားရှိုးမြို့ ရပ်ကွက် (၈) မြို့မအားကစားသို့ ရောက်ရှိရာ ဦးစိုင်းခမ်းကော်၊ ဦးထွေးအောင်ကျော်၊ စာရေးဆရာ ရန်ငြိမ်းသူတို့က ထောက်ခံပွဲသို့ လာရောက်ကြသူများအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာများနှင့် ပတ်သက်၍ ဟောပြောခဲ့ကြကြောင်း သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံသည့် လူထုထောက်ခံပွဲသို့ လားရှိုးမြို့ပေါ်ရပ်ကွက် အသီးသီးမှ စိတ်ဝင်စားသူများ၊ ပါတီအဖွဲ့အစည်းများ၊ လူမှုကူညီရေး အဖွဲ့အစည်းများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ရွာများမှ တက်ကြွလှုပ်ရှားသူများနှင့် အခြားစိတ်ဝင်စားသူများ ပါဝင်ချီတက်ကာ ထောက်ခံခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
