ယခုနှစ်စာသင်နှစ်တွင် ရန်ကုန်တိုင်းရှိ ကျောင်း ၁၈ ကျောင်း၌ ကျောင်းကားပြေးဆွဲရန် သတ်မှတ်ထားသည့် စည်းကမ်းဖြင့်သာ ပြေးဆွဲရန် စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
“ဒီနှစ်ကတော့ ဖြေလျှော့မှု မပေးတော့ဘူး။ ကျောင်းကားစည်းကမ်း ၁၂ ချက်နဲ့ ညီရမယ်။ ရန်ကုန်ရဲ့ အဓိက လမ်းမကြီးတွေမှာရှိတဲ့ နာမည်ကြီးကျောင်းတွေ အကုန်ပါပါတယ်။ အဓိကက ၂၂ ကျောင်းရှိတယ်။ ပထမဆုံး ၁၈ ကျောင်းကို စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မူဝါဒ ၁၂ ချက်ကလည်း ပြည်ထောင်စုက သတ်မှတ်ထားတာ ဖြစ်ပါတယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ ကိုလည်း ယခုစာသင်နှစ်တွင် ပြေးဆွဲမည်ဖြစ်ကြောင်း၊ သို့သော် ပုဂ္ဂလိက ကျောင်းကားပြေးဆွဲသူများဖြင့် ပြိုင်ဆိုင်ပြေးဆွဲမည် မဟုတ်ဘဲ ကျောင်းအုပ်များက ကျောင်းကား လိုအပ်သည်ဟု တောင်းဆိုမှသာ ပြေးဆွဲမည် ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောကြားသည်။
“ကျောင်းကားအစီး ၂၀၀ ကတော့ အဆင်သင့်ပဲ။ ပုဂ္ဂလိက ကျောင်းကားပြေးဆွဲတဲ့ သူတွေကို ဦးစားပေးမယ်။ သူတို့တွေ ပြောင်းလို့ရအောင်လည်း ကူညီပေးမယ်။ တကယ်တမ်းပြောရင် အစိုးရဖြစ်တဲ့အတွက် မူဝါဒတစ်ခု အကောင်အထည်ပေါ်ဖို့ ဦးဆောင်လုပ်ပေးတာ။ မြတ်ဖို့ကိုလည်း ရည်ရွယ်ချက် မရှိဘူး။ စနစ်ကပြောင်းတော့ နည်းနည်းခက်တယ်။ ကျောင်းကားက လုံခြုံစိတ်ချရေးက အရေးအကြီးဆုံးပဲ” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။
လက်ရှိကျောင်းကားတွင် ကြုံတွေ့နေရမှုသည် ၁၅ ယောက်စီးဟု သတ်မှတ်ထားသော်လည်း ၂၅ ယောက်ခန့် လူပိုတင်မှုများလည်းရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကျောင်းကားများအတွက် စည်းကမ်း ၁၂ ချက်သည် (၁) ခရီးသည် ၁၀ ဦးနှင့်အထက် တင်ဆောင်နိုင်သော Micro Bus, Mini Bus ယာဉ်များဖြစ်ရမည်။ ထိုင်ခုံတိုင်းတွင် အသက်ကယ် ထိုင်ခုံခါးပတ် ပါရှိရမည်။ ဘယ်မောင်းယာဉ်နှင့် ယာဉ်၏ညာဘက်တွင် အတက်အဆင်း တံခါးပေါက်ပါရှိ ရန်ဖြစ်ပြီး လုံခြုံစိတ်ချရသော သော့စနစ် တပ်ဆင်ထားရမည်။ ရှေးဦးသူနာပြုသေတ္တာ ပါရှိရမည်။ ယာဉ်၏အတွင်းတွင် ဓာတုဗေဒ ပေါင်ဒါမှုန့်ခြောက်၊ မီးသတ်ဆေးဘူး အနည်းဆုံး နှစ်ဘူးပါရှိရမည်။ ယာဉ်၏ဆေးရောင်ကို အဝါရောင် သတ်မှတ်ပြီး ယာဉ်၏အရှေ့နှင့် အနောက်တွင် School Bus စာလုံးကို ထင်ရှားစွာ ရေးသားထားရမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျောင်းအမည်နှင့် ဆက်သွယ်ရန် တယ်လီဖုန်း နံပါတ်များကို ယာဉ်၏ ဘေးဘက်တွင် ရေးသားထားရမည်။ ယာဉ်မောင်းသူသည် အနိမ့်ဆုံး (ဃ) ယာဉ်မောင်းလိုင်စင် ရရှိပြီးသူ ဖြစ်ရမည်။ အမြန်နှုန်း 40 km/hr (25 mile/hr) ထက် ပို၍မောင်းနှင်ခြင်း မပြုရန် ကန့်သတ်ထားရမည်။ အငှားယာဉ် (ကျောင်းကြို/ပို့လုပ်ငန်းသုံးယာဉ်) အဖြစ် ဆောင်ရွက်ရမည်။ ကျောင်းသားများ၏ အသက် ၁၂ နှစ်နှင့် အထက်ဖြစ်ပါက လူကြီးထိုင်ခုံ သတ်မှတ်ပေးရမည်။ ကျောင်းသားများ၏ အသက်သည် ၁၂ နှစ်အောက်ဖြစ်ပါက တပ်ဆင်ပါရှိသော ထိုင်ခုံအရေအတွက်သည် မူလလူကြီးထိုင်ခုံ အရေအတွက်၏ တစ်ဆခွဲထက် မပိုရသည့်အပြင် ထိုင်ခုံခါးပတ ်အပြည့်အစုံ ပါရှိရမည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
