Top News

ရာဇဝတ်သားလွှဲပြောင်းရေးဥပဒေမူကြမ်းကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်ခဲ့မှုအတွက် ဟောင်ကောင်အုပ်ချုပ်ရေးမှူးက တောင်းပန်
24htopnews | December 3, 2024 4:12 AM CST

ဟောင်ကောင်ကို ကိုင်လှုပ်ခဲ့သည့် နိုင်ငံရေးမတည်ငြိမ်မှုအတွက် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ဇွန် ၁၈ ရက်တွင် တောင်းပန်ခဲ့သော်လည်း ပေကျင်းလိုလားသည့်လမ်က ၎င်းအား ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုချက်များကို အလျှော့ပေးရန် ငြင်းဆိုခဲ့သည်။

ရာဇဝတ်သားများကို ပြည်မကြီးသို့ လွှဲပြောင်းရန် ခွင့်ပြုမည့်ဥပဒေမူကြမ်းကို ရုပ်သိမ်းရန်အတွက် တောင်းဆိုရန် သန်းနှင့်ချီသည့် လူထုက လမ်းပေါ်ထွက်ဆန္ဒပြခဲ့သဖြင့် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်တွင် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး အကျပ်အတည်း ကျရောက်ခဲ့သည်။

ဆန္ဒပြသူများကို လူစုခွဲမှုတွင် ရဲနှင့် ဆန္ဒပြသူအချို့အကြား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ဧရာမဆန္ဒပြမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် လမ်သည် ဇွန် ၁၅ ရက်တွင် ယင်းဥပဒေမူကြမ်းကို ဆိုင်းငံ့ခဲ့သည်။ သို့သော် လူထုဒေါသထွက်မှုကို ဖြေဖျောက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ ဇွန် ၁၆ ရက်တွင် လူနှစ်သန်းကျော်ပါဝင်သည့် အကြီးမားဆုံး ဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့သည်။ ယင်းဆန္ဒပြပွဲတွင် ဟောင်ကောင်လူဦးရေ၏ လေးပုံတစ်ပုံ ကျော်ပါဝင်ခဲ့သည်ဟု ဆန္ဒပြမှုကို စီစဉ်သူများက ပြောကြားခဲ့သည်။

“ဖြစ်လာတဲ့ကိစ္စတွေအတွက် ကျွန်မကိုယ်တိုင်တာဝန်ယူပါတယ်။ ဒီဥပဒေမူကြမ်းဟာ လူထုကြားမှာ မကျေနပ်မှုတွေ၊ အငြင်းပွားမှုတွေနဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ ဒီကိစ္စအတွက် ဟောင်ကောင်ပြည်သူလူထု အားလုံးကို ကျွန်မစိတ်ရောကိုယ်ပါ တောင်းပန်ပါတယ်”ဟု လမ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် ယင်းဥပဒေမူကြမ်းကို အလုံးစုံရုပ်သိမ်းရန်၊ လမ်ကိုရာထူးမှနုတ် ထွက်ရန်နှင့်ပြီးခဲ့သည့် သီတင်းပတ်တွင် ဆန္ဒ ပြသူများကို လူစုခွဲရန်အတွက် ရဲများက မျက်ရည်ယိုဓာတ်ငွေ့နှင့် ရော်ဘာကျည်ဆန်များ အသုံးပြုမှုအတွက် တောင်းပန်ရန် တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြမှုများအတွင်း ထိန်းသိမ်းခံခဲ့ရသူများက စွပ်စွဲထားသည့် စွဲချက်အားလုံးကို ရုပ်သိမ်းရန်အတွက်လည်း ၎င်းတို့က တောင်းဆိုခဲ့သည်။

လမ်က ရာထူးမှနုတ်ထွက်ရန် ပြင်ဆင်ထားသည့် အရိပ်အယောင်မပြခဲ့ဘဲ ယင်းအစား ဟောင်ကောင်လူထု၏ ပြင်းပြသောဆန္ဒများကို ဖြည့်ဆည်းပေးရန် အလုပ်ကြိုးကြိုး စားစားလုပ်ဆောင်ချင်သည်ဟု ပြောကြားခဲ့သည်။ ရာဇဝတ်သားလွှဲပြောင်းရေးဥပဒေမူကြမ်းကို လူထုသဘောထားမပါဝင်ဘဲ ပြန်လည်ဖော်ထုတ်မည့် အလားအလာမရှိဟု လမ်က ပြောကြားခဲ့သည်။

“ဒီကြောက်ရွံ့မှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို လုံလုံလောက်လောက်ဖြေရှင်းမှုတွေ မလုပ်နိုင်ရင် ကျွန်မဒီဥပဒေမူကြမ်းကို နောက်ထပ်တင်သွင်းမှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

ယင်းဥပဒေမူကြမ်းကို ဥပဒေပြုကောင် စီကလာမည့်နှစ် ဇူလိုင်မတိုင်မီ အတည်မပြုနိုင်ပါက ယင်းမူကြမ်းသည် ပျက်ပြယ်သွားမည် ဖြစ်သည်။ အုပ်ချုပ်ရေးအဖွဲ့က ယင်းအမှန်တရားကို လက်ခံရမည် ဖြစ်သည်။

ဥပဒေပြဋ္ဌာန်းမှုကိုဝေဖန်သူများက ယင်းဥပဒေမူကြမ်းသည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် တရုတ်တရားရေးစနစ်က ဟောင်ကောင်ပြည်သူလူထုကို ချည်နှောင်ပြီး ပေကျင်းဝေဖန်သူများကို ခြိမ်းခြောက်မည်ကို စိုးရိမ်ပူပန်နေကြသည်။

ယင်းဥပဒေမူကြမ်းက ဟောင်ကောင်ကို ဘေးကင်းလုံခြုံမှုရှိသည့် စီးပွားရေးဗဟိုချက်တစ်ခုအဖြစ် ကျော်ကြားမှုအား ထိခိုက်ပျက်စီးနိုင်မည်ကို စိုးရိမ်ပူပန်နေစဉ် ဧရာမ ဆန္ဒပြမှုများသည် ဟောင်ကောင်၏ စီးပွားရေးအသိုင်းအဝန်းမှ ထောက်ခံမှုကို ရရှိခဲ့သည်။                                   Ref ; AFP


READ NEXT
Cancel OK